Tuesday, December 25, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကျောက်တံခါးမြို့နယ်ရုံးဖွင့်ပွဲကျင်းပပြုလုပ်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရုံးဖွင့်ပွဲကို၂၃-၁၂-၂၀၁၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ ဌာနရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းမကြီး ဘေးရှိ ဦးဝင်းနိုင်၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးပြုလုပ်

Ndf activity dec 20,2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပုံမှန်အစည်းအဝေးကို ၁၉-၁၂-၂၀၁၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီက ဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၁၂)ဦး တက်ရောက်ခဲ့သည်။

Tuesday, December 18, 2012

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဝင်များတွေ့ ဆုံဆွေးနွေးခြင်း



ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အမျိုးသားဒီမိုကရေးစီအင်အားစုပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဝင်များတွေ့ ဆုံပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်တွင် စတင်ကျင်းပပြီး နေ့လည်(၁၂)နာခန့်တွင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးတိုင်းဒေသကြီး တိုင်းစည်းရုံးရေးကော်မတီ ဒုဥက္ကဌ ဦးမြတ်မိုးမှ အဖွင့်အမှားစကားပြောကြားပြီး ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္က္ထဌ ဦးညိုလင်းမောင်မှ ပါတီ၏ လုပ်ဆောင်ချက်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် ရည်ရွယ်ချက်များကို ပြောကြားပါသည်။ တက်ရောက် လာကြသော ပါတီဝင်များမှလည်း ၄င်းတို့သိရှိလိုသည့်အချက်များကို ပါတီခေါင်ဆောင်များနှင့် အပြန် အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြုလုပ်

Photo: ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြုလုပ်

 ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန်ရှင်းရေးလုပ်အားပေးပွဲကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၁၀၇ ရပ်ကွက် အလယ်တန်းကျောင်းတွင် ၁၆-၁၂-၂၀၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။ 
 ထိုစုပေါင်းသန့်ရှင်းရေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ဥက္ကဌ ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်(မြန်မာ)ပါတီ မြို့နယ်အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပါတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ(၁၀၇)ရပ်ကွက်မှ ဦးစိုးမြင့်နှင့် ပါတီဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ၁၀၇ ရပ်ကွက်အလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေနှင့် ဆရာဆရာမများ၊ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဆယ်အိမ်မှူး များ တက်ရောက်ပြီး အလယ်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးကို စုပေါင်းလုပ်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
 အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းရှိ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးနှင့် ဆေးရုံများ ကို စုပေါင်းလုပ်အားပေးပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန်ရှင်းရေးလုပ်အားပေးပွဲကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၁၀၇ ရပ်ကွက် အလယ်တန်းကျောင်းတွင်၁၆-၁၂-၂၀၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထိုစုပေါင်းသန့်ရှင်းရေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ဥက္ကဌ ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်(မြန်မာ)ပါတီ မြို့နယ်အတွင်းရေးမှူး ဦးအောင်ချိုနှင့်

Tuesday, December 11, 2012

ဒဂုံမြို့သစ်တောင်ပိုင်းတွင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များနှင့်ပါတီပေါင်းစုံ ကျောင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်

Photo: ဒဂုံမြို့သစ်တောင်ပိုင်းတွင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များနှင့်ပါတီပေါင်းစုံ 
ကျောင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်
၉-၁၂-၂၀၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ  ဦးကျော်မင်းဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍  စုစုပေါင်းအင်အား ၅၀ခန့်ဖြင့် အမှတ် (၁၀၇)ရပ်ကွက်ရှိအမှတ် ၂၂ အမက ကျောင်းတွင်းသန့်ရှင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။ 
  NDF မြို့နယ်ဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူးဦးသက်လွင်နှင့် ပါတီဝင် ၁၀ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပါတီပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံ စုပေါင်း၍ မြို့နယ်အတွင်းရှိ  စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်းများကို သန့်ရှင်းရေးပြုလုပ်ကြရန် အစီအစဉ်ရှိနေကြောင်း သတင်းရရှိပါသည်။
  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြို့နယ်ရုံးကို မကြာမီ ၁၀၇ ရပ်ကွက် ၊ မြ၀တီလမ်းရှိ ဦးသန်းနိုင်ဦး အိမ်တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်းကိုလည်း သတင်းရရှိပါသည်။

၉-၁၂-၂၀၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးကျော်မင
်းဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ စုစုပေါင်းအင်အား ၅၀ခန့်ဖြင့် အမှတ် (၁၀၇)ရပ်ကွက်ရှိအမှတ် ၂၂ အမက ကျောင်းတွင်းသန့်ရှင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။

HOT NEWS WEEKLY ဂျာနယ် က NDF ဦးစိုးဝင်းကို တောင်းပန်ပြီ

Photo: HOT NEWS WEEKLY ဂျာနယ် က NDF ဦးစိုးဝင်းကို တောင်းပန်ပြီ။
၆-၁၂-၂၀၁၂ ရက်နေ့ထုတ် HOT NEWS WEEKLY ဂျာနယ် အတွဲ-၃၊ အမှတ်စဉ် ၁၁၉ စာမျက်နှာ ၂၆ တွင် ဘုန်းစစ်ရေးသားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပြီ  သတင်းတိုတွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၏ဇနီး၏ ပြည်သူများအပေါ် ပြောဆိုဆက်ဆံမူ အဆင်မပြေသောကြောင့် ပြဿနာတက်နေသည်ဟု သတင်း မှားယွင် ဖော်ပြခဲ့မှုကြောင့်  HOT NEWS WEEKLY ဂျာနယ် အယ်ဒီတာအဖွဲ့မှ မောင်ယသနှင့် ပရုပ်အယ်ဒီတာ တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချု့ပ်ရုံးသို့  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ စမ်းချောင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းအား  လာရောက်၍ တောင်းပန်ခဲ့ကြောင်း သတင်းရရှိပါသည်။။
 လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းနှင့်အတူ  ပါတီဒု-ဥက္ကဌ ဦးစိန်လှဦးနှင့် ဥပဒေအထောက်အကူပြုကော်မတီ ၀င် ရှေ့နေဦးကြီးမြင့်တို့လည်း တက်ရောက်ပြီး လိုအပ်ချက်များကို ထောက်ပြခဲ့သည်။
 HOT NEWS WEEKLY ဂျာနယ် အနေဖြင့် ဦးစိုးဝင်းနှင့်ဇနီးဖြစ်သူတို့အား သတင်းမှားယွင်းဖော်ပြခြင်းအတွက် အနှုးအညွတ်တောင်းပန်ကြောင်းနှင့် လာမည့်အပတ်စဉ်ထုတ်ဂျာနယ်တွင်လည်း မှားယွင်းဖော်ပြခဲ့မိကြောင်းကို ထည့်သွင်းပေးမည်ဖြစ်ကြောင်း ၀န်ခံကတိပြုသွားခဲ့သည်။ 
 ဤသို့ HOT NEWS WEEKLY ဂျာနယ်မှ မှားယွင်းဖော်ပြခဲ့မူကို ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းမှ နိုင်ငံရေးပါတီများနှင့် သတင်းဂျာနယ်များသည် အပြန်အလှန် လေးစားမူနှင့် ကူညီမူရှိရန် လိုအပ်ကြောင်း၊ သတင်းခိုင်မာ တိကျမူလိုအပ်ပါက သက်ဆိုင်ရာပုဂ္ဂိုလ်များထံ ဆက်သွယ်၍ အတည်ပြုဖို့လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၆-၁၂-၂၀၁၂ ရက်နေ့ထုတ် HOT NEWS WEEKLY ဂျာနယ် အတွဲ-၃၊ အမှတ်စဉ် ၁၁၉ စာမျက်နှာ ၂၆ တွင် ဘုန်းစစ်ရေးသားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပြီ သတင်းတိုတွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်က
ိုယ်စား လှယ်၏ဇနီး၏ ပြည်သူများအပေါ် ပြောဆိုဆက်ဆံမူ အဆင်မပြေသောကြောင့် ပြဿနာတက်နေသည်ဟု သတင်း မှားယွင် ဖော်ပြခဲ့မှုကြောင့် HOT NEWS WEEKLY ဂျာနယ် အယ်ဒီတာအဖွဲ့မှ မောင်ယသနှင့် ပရုပ်အယ်ဒီတာ တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချု့ပ်ရုံးသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ စမ်းချောင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းအား လာရောက်၍ တောင်းပန်ခဲ့ကြောင်း သတင်းရရှိပါသည်။။

Saturday, December 8, 2012

ရန်ကုန်ဗြိတိန်သံရုံးမှ သံရုံးအရာရှိများ ပါတီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ

Photo: ရန်ကုန်ဗြိတိန်သံရုံးမှ သံရုံးအရာရှိများ ပါတီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ
  ၂၈-၁၁-၂၀၁၂ ရက်နေ့က ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ ဌာနချု့ပ်သို့ ရန်ကုန်မြိုဗြိတိသျှသံရုံးမှ သံရုံးဒုတိယအတွင်းဝန် မစ္စတာဂျိုးဖစ်ရှာနှင့် လူ့အခွင့် အရေးဆိုင်ရာ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် Mr.Bob Last တို့လာရောက်၍ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ ကြသည်။ 
 ဗြိတိသျှသံအရာရှိများအား  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ၊ ပြန်ကြား ရေးဌာနမှူး ဦးတိုးတိုး၊ ပါတီလူ့အခွင့်အရေးလုပ်ငန်းကော်မတီတာဝန်ခံ ဦးကြီးမြင့်တို့က လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးကြသည်။ နိုင်ငံတကာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်နေမှုများ၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် မြန်မာနိုင်ငံနိုင်ငံသားဥပဒေနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများများနှင့် နိုင်ငံသား အခွင့်အရေးများ၊ NDF မှ ပြည်သူ့လွှတ်တော်တွင်တင်သွင်းထားသော မြန်မာနိုင်ငံသားအခွင့်အရေးကာကွယ် ရေးဥပဒေများအကြောင်းကို  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၈-၁၁-၂၀၁၂ ရက်နေ့က ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ ဌာနချု့ပ်သို့ ရန်ကုန်မြိုဗြိတိသျှသံရုံးမှ သံရုံးဒုတိယအတွင်းဝန် မစ္စတာဂျိုးဖစ်ရှာနှင့် လူ့အခွင့် အရေးဆိုင်ရာ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် Mr.Bob Last တို့လာရောက်၍ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ ကြသည်။

Saturday, December 1, 2012

ပြည်သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အရာမှန်သမျှကို ဥပဒေအရ ရဲရဲဝန့်ဝန့် ရင်ဆိုင်ဖယ်ရှားသွားမည်ဖြစ်ကြောင်း

ပြည်သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အရာမှန်သမျှကို ဥပဒေအရ ရဲရဲဝန့်ဝန့် ရင်ဆိုင်ဖယ်ရှားသွားမည်ဖြစ်ကြောင်း  အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးမှူး ဦးညိုလင်းမောင်မှ ပဲခူးမြို့နယ် (NDF)ပါတီ ရုံးခန်းဖွင့်လှစ်ပွဲတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဥပဒေရေးရာကိစ္စရပ်များ လာရောက် အကူအညီတောင်းခံနိုင်ပါကြောင်း


ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရုံးခန်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ (၃၀) ရက်နေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့နေရသော အခက်အခဲများကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးဖော်ပြချက်



ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရုံးခန်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ (၃၀) ရက်နေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့နေရသော အခက်အခဲများကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Thursday, November 22, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များ ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်သို့ စည်းရုံးရေးဆင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီအတွင်းရေးမှူး(၂) ဦးကျော်သူရ နှင့် စည်းရုံးရေးမှူး ဦးအောင်သူငြိမ်းတို့သည် (၂၀-၁၁-၂၀၁၂) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ နယ်သို့ သွားရောက်၍ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြောင်းမြမြို့နယ်ဥက္ကဌ ဦးအောင်မျိုးလှိုင်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ကြိုဆိုကြပြီး လက်ရှိဖြစ်ပေါ်နေသောA စည်းရုံးရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ပါတီသို့ဝင်ရောက်ရန် အဆိုပြုထားသော ပါတီဝင်သစ်များနှင့် တွေ့ဆုံ ဆွေးနွေးကြပြီး တောင်သူလယ်သမားအရေးကိစ္စများကိုလျင်မြန်စွာကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်တောင်သူလယ်သမားလုပ်ငန်းကော်မတီကို ဗဟိုတောင်သူလယ်သမားလုပ်ငန်းကော်မတီခေါင်းဆောင် ဦးကျော်သူရက ဖွဲ့စည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးကျင်းပ
 အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တင်သွင်းသော ဥပဒေကြမ်းများနှင့်ပတ်သက်၍ လွှတ်တော် အသီးသီးတွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူး အစည်းအဝေးကို ၂၂-၁၁-၂၀၁၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီက အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပါတီဌာနချုပ် တွင် ကျင်းပပြုလုပ်သည်။
 ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးသာဆိုင်၊ ဦးသာမြင့်ထူးနှင့်  ဦးတိုးတိုး တို့ တက်ရောက်ခဲ့သည်။
 ထိုအစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူလူထုအကျိုးကိုရည်မှန်း၍ တင်သွင်းခဲ့သော ဥပဒေကြမ်းများနှင့်ပတ်သက်၍ လက်ရှိရင်ဆိုင်နေရသောအခြေအနေများကို ဆွေးနွေးတိုင် ပင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တင်သွင်းသော ဥပဒေကြမ်းများနှင့်ပတ်သက်၍ လွှတ်တော် အသီးသီးတွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူး အစည်းအဝေးကို ၂၂-၁၁-၂၀၁၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီက အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပါတီဌာနချုပ် တွင် ကျင်းပပြုလုပ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမူသတင်းများ ( နိုဝင်္ဘာလ၂၂-ရက်၊၂၀၁၂)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမူသတင်းများ ( နိုဝင်္ဘာလ၂၂-ရက်၊၂၀၁၂)
ဘန်ကောက်အခြေစိုက် ကနေဒါနိုင်ငံသံရုံးမှ ပထမအတွင်းဝန် မစ္စ-ဂျူလာနာဂရင်းနှင့် Ms.laura Radulovic တို့သည် (၂၂-၁၁-၂၀၁၂ )ရက်နေ့ နေ့လည် (၂း၀၀) နာရီတွင်   အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာန ချု့ပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။ 
 ထိုတွေ့ဆုံပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ပြန်ကြားရေးဌာနမှ ဦးတိုးတိုး တို့ တက်ရောက်ခဲ့သည်။
 ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် မြန်မာနိုင်ငံ၏အပြောင်းအလဲများအခြေအနေ၊ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်ဖြစ်ပေါ်လာနိုင်မည့် ခန့်မှန်းချက်များ၊ မြန်မာအစိုးရ ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးမှုအနေအထား၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အမျိုးသား ပြန်လည်စည်းရုံးရေးလုပ်ဆောင်နေမှုများ၊ ရခိုင်နှင့်ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောအခြေအနေများ၊ ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ မြန်မာနိုင်ငံရေးပါတီများ၏ အနေအထားများကို မေးမြန်းရာ ပါတီခေါင်းဆောင် များက ရှင်းလင်းပြောကြားကြသည်။
 ထိုသို့ ရှင်းလင်းပြောကြားမှုကြောင့် မြန်မာပြည်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ကနေဒါနိုင်ငံအနေဖြင့် ရှင်းရှင်းလင်းလင်းသိရသဖြင့် အထူးကျေနပ်မိကြောင်းဖြင့် ပထမအတွင်းဝန် မစ္စ ဂျူလာနာဂရင်းက ပြောကြားခဲ့သည်။ 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ကနေဒါနိုင်ငံက အမေရိကန်နှင့်ဗြိတိသျှတို့က လူငယ်နှင့် နိုင်ငံရေးးပါတီများအတွက် အမေရိကန်စင်တာနှင့် ဗြိတိသျှကလပ်တို့တွင် ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းမျိုးများ ဖွင့်လှစ်သင်ကြားပေးရန်အတွက် အကူအညီတောင်းခံခဲ့ကြောင်း သိရှိရသည်။
ဘန်ကောက်အခြေစိုက် ကနေဒါနိုင်ငံသံရုံးမှ ပထမအတွင်းဝန် မစ္စ-ဂျူလာနာဂရင်းနှင့် Ms.laura Radulovic တို့သည် (၂၂-၁၁-၂၀၁၂ )ရက်နေ့ နေ့လည် (၂း၀၀) နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာန ချု့ပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။

Wednesday, November 21, 2012

ပြည်သူ့လွှတ်တော်တွင် NDF လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေကြမ်းအဆိုတင်သွင်း

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒဂုံမြို့သစ်မြောက်ပိုင်းပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်တင်နွယ်ဦးက ကချင်ပြည်   နယ်နှင့် ရခိုင်ပြည်နယ်တွင် အတိဒုက္ခရောက်နေသောပြည်သူ လူထုအား ထော က်ပံကြေးပေးရန် ဥပဒေကြမ်းနှင့် စည်ပင်သာယာရေးဥပဒေ  ရုပ်သိမ်းရန်ဥပဒေကြမ်းကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။ ထို့အတူ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းကလည်း နိုင်ငံသားများ အခွင့် အရေးကာကွယ်သည့်ဥပဒေကြမ်းကို တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ အမျိုးသားဆက်သွယ်ရေးဥပဒေကြမ်း။

Monday, November 19, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမှုများ (Nov19,2012 Monday)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမှုများ (Nov19,2012 Monday)
ယနေ့ (၁၉-၁၁-၂၀၁၂)ရက်နေ့ ညနေ ၂း၄၅  နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အမေရိကန်နိုင်ငံသမ္မတ မစ္စတာ ဘားရက်အိုဘားမား၏  နိုင်ငံရေးပါတီများအပါအ၀င် လူထုအဖွဲ့အစည်းအသီးသီးသို့ တွေ့ဆုံမိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ ပါတီအတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုး တို့ တက်ရောက်ခဲ့ကြပါသည်။
 ထိုအခမ်းအနားသို့ ဧည့်ပရိသတ်များကို နံနက် ၁၁း၀၀ နာရီကတည်းက နေရာချထားခဲ့ပြီး အမေရိကန် သမ္မတ မစ္စတာဘားရက်အိုဘားမားအနေဖြင့် ဘွဲနှင်းသဘင်ခန်းမသို့ ညနေ ၂း၃၀ ကျော်မှသာ ရောက်ရှိ လာပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဧည့်ပရိသတ်များအနေဖြင့် သမိုင်းတွင်မည့်မိန့်ခွန်းပြောကြားပွဲကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းခဲ့ကြရပါသည်။ 
 မစ္စတာဘားရက်အိုဘားမားမိန့်ခွန်းပြောသည့်အခါတွင် သမ္မတ၏အင်္ဂလိပ်လို့မိန့်ခွန်းကို မြန်မာဘာသာ ဖြင့် တိုက်ရိုက်ပြန်ဆိုပေးခြင်းကို နားထောင်နိုင်ရန်အတွက် နားကြပ်များကိုလည်း ကြိုတင်ဝေငှပေးထားခဲ့ သည်။ 
 အမေရိကန်နိုင်ငံသမ္မတကြီးအနေဖြင့် မြန်မာပြည်တွင်ဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နောက်ပြန်မလည့်သွားရန်နှင့် အောင်မြင်အောင် အကောင်အထည်ဖော်နိင်ရန်အတွက် စီးပွားရေးအကူအညီနှင့်အခြားလိုအပ်သော အကူအညီများကို ပေးသွားမည်ဖြစ်သည့်အတွက် မြန်မာပြည်သူ လူထု ကိုယ်စားအထူးပင်ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီက  သဘောထားပေး အပ်ပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမှုများ (Nov19,2012 Monday)
ယနေ့ (၁၉-၁၁-၂၀၁၂)ရက်နေ့ ညနေ ၂း၄၅ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အမေရိကန်နိုင်ငံသမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ နိုင်ငံရေးပါတီများအပါအ၀င် လူထုအဖွဲ့အစည်းအသီးသီးသို့ တွေ့ဆုံမိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ ပါတီအတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုး တို့ တက်ရောက်ခဲ့ကြပါသည်။

Sunday, November 18, 2012

အိုဘားမား မိန့်ခွန်းပြောမည်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တက်ရောက်မည်

မနက်ဖြန်(၁၉-၁၁-၂၀၁၂)ရက်နေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နင်းသဘင်ခန်းမမှာ  အိုဘားမား မိန့်ခွန်းပြောမည့်အခမ်းအနားကို

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဥိးခင်မောင်ဆွေ၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်းနဲ့

ပြန်ကြားရေးဌာနမှ ဦးတိုးတိုးတို့ တက်ရောက်ကြမည် ဖြစ်ပါသည်။ အဆိုပါအခမ်းအနားကို ၁၁း၀၀နာရီမှာစတင်မှာ ဖြစ်ပြီး ပြည်လမ်းနဲ့ အင်းလျှားလမ်းကနေ

လမ်းလျှောက်ဝင်ကြရမှာဖြစ်ပါတယ်။ ကင်မရာနဲ့ ဟမ်းဖုန်းကိုတော့ ယူဆောင်ခွင့်ပေးထားပါတယ်လို့ သိရှိရပါသည်။

Friday, November 16, 2012

အမျိုးသားဒီမိုကရေစီအင်အားစု ( NATIONAL DEMOCRATIC FORCE ) ရည်ရွယ်ချက်

(က) ပြည်ထောင်စုမြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်မည့် တရားဥပဒေစိုးမိုးသည့် စစ်မှန်သောဒီမိုကရေစီ စံနစ်သို့ပြောင်းလဲရောက်ရှိနိုင်ရန်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်။

(ခ) တိုင်းရင်းသားလူမျိုးများအားလုံး အဆင့်အတန်းနှင့် အခွင့်အလမ်းပါ တန်းတူညီမျှမှုကို အခြေခံသည့် ဒီမိုကရေစီပြည်ထေ
ာင်စုသစ် တည်ထောင်ရေးကို တညီတညွတ်တည်း ကြိုးပမ်းဆောင်ရွက်သွားရန်။

(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော အထွေထွေပြဿနာများကို မြန်မာတိုင်းရင်းသားများအချင်းချင်း ကိုယ်တိုင်ဖြေရှင်းလျက်အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ် ရရှိအောင် ဆောင်ရွက်သွားရန်။

နိုင်ငံရေးမီးငှက် NDF

သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ လမ်းသုံးခွဆုံမှာ ပန်းခြံနေရာ သုံးမြောင့်ပုံ မြေကွက်လပ်တစ်ခုက ရှိနေတယ်။ အဲ့ဒီ ရှေ့ကတိုက်ပေါ်မှာ အမျိုးသားဒီမိုကရေ
စီအင်အားစုပါတီ တတိယအကြိမ် နိုင်ငံ လုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်း အ
ဝေးကျင်းပခဲ့ပါတယ်။ ဒီ့နေရာက နိုင်ငံ ရေး၊ စည်းရုံးလှုပ်ရှားမှု အစဉ်အလာတွေ ရှိခဲ့တဲ့ အမှတ်(၅)၊ ဦးဂွယ်လမ်းကသုံးထပ် တိုက်အဆောက်အဦကြီးပါပဲ။ ဒုတိယ အကြိမ်ဗဟိုဦးစီးကော်မတီအစည်းအဝေးကိုလည်း မနှစ်က ဒီနေရာမှာပဲ ကျင်းပခဲ့ ပြီး အခုလည်း တတိယအကြီမ် ဗဟိုဦးစီး ကော်မတီ အစည်းအဝေးကို ကျင်းပနေ ပြန်ပါပြီ။။

Tuesday, November 13, 2012

CEGG Fourm တွင် ဒုတိယသမ္မတ ဒေါက်တာဆိုင်းမောက်ခမ်း ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်

 
၂၀၁၂ခုနှစ် နိုဝင်ဘာလ (၃၁)ရက်က နေပြည်တော်၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် CEGG Forum တွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက် ခမ်းအဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာ အချို့ကို ကောက်နုတ်ဖော်ပြ ပါသည်။

Saturday, November 10, 2012

ဗိုလ်ချုပ်မိန့်ခွန်း


တိုင်းပြည်မျက်နှာကို ကြည့်ပါ "
-----------------------------------
" ကျုပ်တို့ဟာ ခေတ်နဲ့ညီအောင် လုပ်တတ်ရမယ်။
တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတစ်ယောက်
တစ်လေ၊ တစ်ဖွဲ့တစ်ပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင်တာကို
လုပ်လို့မဖြစ်ဘူး။ တိုင်းပြည်နာမှာကို
 ကြည့်ရမယ်။ "

" ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ရင်
ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ပြည့်စုံပြီး
လက်ရှိ ခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်း
အောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။ သူများနှာခေါင်းနဲ့
အသက်ရှုပြီး တန်တန် မတန်တန် ရာထူးမလိုချင်
ကြပါနဲ့။ ကိုယ့်ကိုကိုယ်တန်ဖိုးထားကြပါ။တိုင်းပြည်က
အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး
ဖြစ်အောင်လုပ်ကြပါ။ အရည်အချင်းလဲမရှိ၊ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲမရှိ၊
ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့မှ ခေါင်းဆောင်
မဖြစ်နိုင်ဘူး။ "

မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘာသာရေး လွတ်လပ်ခွင့် အမြင်

မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့

ဘာသာရေး လွတ်လပ်ခွင့် အမြင်

"သည်မှာဆရာ ၊ ကျနော်တို့က လူကြိုက်အောင် လုပ်နေတာ မဟုတ်ဘူး ။ သည်လို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ် နေကြမယ် ဆိုရင်တော့ ကျနော် တို့ တိုင်းပြည်ဟာ မကြာခင် ပြိုကွဲ ပျက်စီးသွားမှာပဲ ၊ ကျနော်တို့ တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက အစ္စလာမ်ဘာသာဝင် မူဆလင်တွေရှိတယ်။ ဘုရင်ဂျီတွေ ရှိတယ်။ အစတုန်း က ရှိလာတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ အချို့ အင်္ဂလိပ် လက်အောက်မှာနေပြီး ခရစ်ယာန် တွေ ဖြစ်လာလို့ အရိုးစွဲလာ ကြတဲ့ လူတွေရှိတယ်။ သူတို့တတွေ အားလုံးဟာ နိုင်ငံသားတွေ ဖြစ်တယ် ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့တွေလည်းပါကြတယ်။ အခု ကျွန်တွင်းက လွတ်မယ် မကြံသေးဘူး ။ သူတို့တတွေ အပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစု ရဲ့ ဘာသာကို နိုင်ငံတော် ဘာသာ လုပ်ရမယ်လို့ လုပ်လိုက်ရင် ကျနော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ အကောင်တွေ ဖြစ်သွားမှာပေါ့ ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ ။ ဘာသာရေးတွေ ဘာတွေ လုပ်မနေစမ်းပါ နဲ့ ။ ကျနော်တို့ဟာ တိုင်းပြည် တစ်ပြည်လုံး စည်းလုံးကြဖို့လိုတယ် ။ အခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ၊ ဘာသာ အားလုံး ၊ ဘယ်တော့မှ မပြိုကွဲဘဲ၊ ခွဲထွက်သွားမဲ့ လူတွေ ပေါ်မလာဘဲ နိုင်ငံရေး စိတ်ဓတ် တခု ထဲရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ် "

ကျမ်းကိုး - မြန်မာ့နိုင်ငံရေး၊  တတိယတွဲ၊ စာ - ၇၈-၇၉

"သည်မှာဆရာ ၊ ကျနော်တို့က လူကြိုက်အောင် လုပ်နေတာ မဟုတ်ဘူး ။ သည်လို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ် နေကြမယ် ဆိုရင်တော့ ကျနော် တို့ တိုင်းပြည်ဟာ မကြာခင် ပြိုကွဲ ပျက်စီးသွားမှာပဲ ၊ ကျနော်တို့ တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက အစ္စလာမ်ဘာသာဝင် မူဆလင်တွေရှိတယ်။ ဘုရင်ဂျီတွေ ရှိတယ်။ အစတုန်း က ရှိလာတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ အချို့ အင်္ဂလိပ် လက်အောက်မှာနေပြီး ခရစ်ယာန် တွေ ဖြစ်လာလို့ အရိုးစွဲလာ ကြတဲ့ လူတွေရှိတယ်။ သူတို့တတွေ အားလုံးဟာ နိုင်ငံသားတွေ ဖြစ်တယ် ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့တွေလည်းပါကြတယ်။ အခု ကျွန်တွင်းက လွတ်မယ် မကြံသေးဘူး ။ သူတို့တတွေ အပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစု ရဲ့ ဘာသာကို နိုင်ငံတော် ဘာသာ လုပ်ရမယ်လို့ လုပ်လိုက်ရင် ကျနော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ အကောင်တွေ ဖြစ်သွားမှာပေါ့ ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ ။ ဘာသာရေးတွေ ဘာတွေ လုပ်မနေစမ်းပါ နဲ့ ။ ကျနော်တို့ဟာ တိုင်းပြည် တစ်ပြည်လုံး စည်းလုံးကြဖို့လိုတယ် ။ အခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ၊ ဘာသာ အားလုံး ၊ ဘယ်တော့မှ မပြိုကွဲဘဲ၊ ခွဲထွက်သွားမဲ့ လူတွေ ပေါ်မလာဘဲ နိုင်ငံရေး စိတ်ဓတ် တခု ထဲရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ် "

Friday, November 9, 2012

NDF ပါတီနှင့် ဂျပန်မိုင်အီနီချီသတင်းဌာနတို့ တွေ့ဆုံမေးမြန်း


Photo: NDF Activity November9, 2012 Friday
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ ၉-၁၁-၂၀၁၂ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ဂျပန် မိုင်အီနီချိသတင်းစာတိုက်မှ ဂျပန်သတင်းထောက် တစ်ဦး မြန်မာစကားပြန်ဖြင့်လာရောက်၍ မြန်မာ့နိုင်င့ရေးနှင့်ပတ်သက်၍ သိရှိလိုသောအချက်အလက်များ ကို လာရောက်အင်တာဗျုးပြုလုပ်ခဲ့သည်။ 
 ထိုဂျပန်သတင်းထောက်၏မေးမြန်းချက်များကို အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုတိယဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့က ရှင်းလင်းဖြေကြားခဲ့သည်။ 
 မေးမြန်းချက်များတွင် ၂၀၁၀ တွင် အဘယ်ကြောင့်နိုင်ငံရေးပါတီတည်ထောင်ခဲ့ရပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ရခြင်း၊ NLD ပါတီခေါင်းဆောင်များ၏ NDF အပေါ် အမြင်သဘောထား၊နှင့် လက်ရှိဆက်ဆံရေး အနေအထား၊  လက်ရှိဖြစ်ပေါ်နေသာ အပြောင်းအလဲများအပေါ် ထင်မြင်ယူဆချက်၊ ထိုအပြောင်းအလဲများ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးခဲ့သူများ အကြောင်း၊ နိုင်ငံတကာမှ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် နည်းလမ်းပေါင်းစုံတွန်းအား ပေးခဲ့မှုများအပေါ် ထင်မြင်ချက်၊ ၁၉၈၈ မှ ၂၀၁၀ ထိအောင် ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်ရင်း အဖမ်းခံ၊ ထောင်အကျခံ၊ မိသားစုဘ၀အပျက်ခံ၊ သေဆုံးခဲ့ရသူများဒ၏ စွန့်စားရင်းနှီးမှုများ၏ ရလာဒ် အကြောင်းများကို မေးမြန်းခဲ့ရာ ပါတီခေါင်းဆောင် များက ၁၉၈၈ မှ ယနေ့ထိအောင် ဖြစ်ပျက်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
 ထိုအင်တာဗျူးသည် ညနေ ၄း၀၀ နာရီမှ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
NDF Activity November9, 2012 Friday

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ ၉-၁၁-၂၀၁၂ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ဂျပန် မိုင်အီနီချိသတင်းစာတိုက်မှ ဂျပန်သတင်းထောက် တစ်ဦး မြန်မာစကားပြန်ဖြင့်လာရောက်၍ မြန်မာ့နိုင်င့ရေးနှင့်ပတ်သက်၍ သိရှိလို
သောအချက်အလက်များ ကို လာရောက်အင်တာဗျုးပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြို့နယ်ရုံးခမ်းဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြို့နယ်ရုံးခမ်းဖွင့်လှစ်
၎-၁၁-၂၀၁၂ ရက်နေ့က  မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်းဖွင့်လှစ်ပွဲကို နေ့လည် ၁၂း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုဖွင့်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုဥက္ကဌ ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ ပါတီအထွေထွေ အတွင်းရေးမှူးဒေါက်တာဝင်းနိုင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လမ်းပြကြယ်ဦးအေးမြင့်နှင့် ပဲခူးတိုင်းစည်းရုံးကော်မတီဝင်များ၊ ပေါင်မြို့နယ် မြိုနယ်စည်းရုံးရေးမှူး ဦးကြည်အေးနှင့် အဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ ၁၀၀ ခန့်တက်ရောက်ကြသည်။
ဖွင့်ပွဲအခန်းအနားတွင် ပါတီဥက္ကဌ ဥိးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားကာ ပါတီ၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားသည်။ ပါတီဒုဥက္ကဌ ဥိးစိုးဝင်းက လွှတ်တော်အတွင်းဆောင် ရွက်နေမှုများအကြောင်းပြောကြားကာ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က လယ်သမားအရေးလုပ်ဆောင်နေမှုများနှင့် လယ်ယာကိစ္စများကို လွှတ်တော်မှ ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ရုံးဖွင့်လှစ်ပွဲကို ရုပ်သိမ်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြို့နယ်ရုံးခမ်းဖွင့်လှစ်
၎-၁၁-၂၀၁၂ ရက်နေ့က မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်းဖွင့်လှစ်ပွဲကို နေ့လည် ၁၂း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

NDF ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစု NDF မန္တလေးတိုင်းဒေသကြီး တိုင်းလူငယ်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖြစ် ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို ပထမအကြိမ်အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့က ၁၃ ရက်နေ့ထိ မန္တလေးမြို့ မနော်ဟရီလမ်းနဲ့ မန္တလေး-ပြင်ဦးလွင်လမ်းကြား၊ ၄၆ နဲ့ ၄၈ လမ်းကြား၊ ခိုင်ရွှေဝါလမ်း၊ ထွန်တုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်မှာ ကျင်းပနေပါတယ်။

ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

meetlotdaw2
ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ယက် စသည့် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အများပြည်သူ လေ့လာနိုင်ရန် သတင်းစာတွင် ဖော်ပြ (ဓါတ်ပုံ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ) ။       ။ ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ယက် စသည့် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အများပြည်သူ လေ့လာနိုင်ရန် အတွက်  နိုဝင်ဘာလ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဆူဇူးကီးဖလားအကြို မြန်မာအသင်းနဲ့ ပြိုင်ဘက်အသင်းတို့ရဲ့ ဖီဖာအဆင့် သတ်မှတ်ချက် ထွက်ပေါ်

 
အာဆီယံ အဆင့် သတ်မှတ်ချက်မှာ
အဆင့် ၄ တက်လာတဲ့ မြန်မာအသင်း
(ဓာတ်ပုံ – AFF)

ယခုလအတွင်း ကျင်းပတော့မယ့် ဆူဇူးကီး ဖလားမတိုင်ခင် ဖီဖာရဲ့ ကမ္ဘာ့ဘောလုံး အဆင့်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီး မြန်မာ အသင်းဟာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ထွက်ပေါ်လာတဲ့ အဆင့်သတ်မှတ်ချက်မှာ ဗီယက်နမ်နဲ့ မြန်မာအသင်းဟာ ပြိုင်ဘက် အာဆီယံ အသင်းတွေကို ကျော်ဖြတ်ပြီး ထူးထူးခြားခြား အဆင့်တွေ တိုးတက်လာတာ ဖြစ်ပါတယ်။

လယ်သမားအရေး ကူညီနေသူတွေကို ရုံးတင်စစ်ဆေး

 
Photo: RFA/Sai Htun Aung Lwin
အနော်ရထာစက်မှုဇုန် စီမံကိန်း၊ ဇုန် (၁) အတွက် သိမ်းဆည်းခံထားရတဲ့ လယ်သမားများ ဝါဝါဝင်းကုမ္ပဏီရှေ့တွင် ဆန္ဒပြနေစဉ်။

ရန်ကုန်မြို့၊ လသာမြို့နယ်က အနော်ရထာလမ်းနဲ့ စဥ့်အိုးတန်းလမ်ထောင့်မှာရှိတဲ့ ဝါဝါဝင်းကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတဲ့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချို၊ ကိုဝေဠု အပါအဝင် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကလေးနဲ့ ကျွန်းကြီးကျေးရွာက ကိုကြည်ရွှင်၊ ကိုပေါက်နဲ့ ဒေါ်ခင်မြင့်ဝေတို့ ငါးဦးကို လသာတရားရုံးက ပုဒ်မ(၃၃၈)နဲ့ ဒီကနေ့ နေ့လယ်က ရုံးတင်စစ်ဆေးခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေး သည် မြန်မာအတွက် စိမ်ခေါ်မှု

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် ကို သွားရောက်လေ့လာခဲ့စဉ်။ (ဇူလိုင် ၃၁၊ ၂၀၁၂။)
ဦးကျော်ဇံသာ
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု တည်ဆောက်ရေးဟာ အစိုးရအတွက်သာမက
လွှတ်တော် အပါအဝင် သက်ဆိုင်ရာ အားလုံးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ
သောမတ် ကိုဟေး ကင်တားနားက ပြောပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပွါးခဲ့တဲ
ရခိုင်ပြည်နယ်မှာလည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး အထက်အမိန့်အရ
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခြေအနေတွေကို ထိန်းသိမ်းမှု
ကြိုးပမ်းမှုမျိုး သာရှိတယ်လို့ မစ္စတာ ကင်တားနားက ဗွီအိုအေ
မြန်မာပိုင်းကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့
ဦးကျော်ဇံသာက ပြောပြပေးပါမယ်။

Thursday, November 8, 2012

ဦးအောင်မင်းနှင့်ဒီမိုကရေစီမိတ်ဆွေပါတီများငြိမ်းချမ်းရေးဆွေးနွေး

 
နိုဝင်ဘာလ(၃)ရက်နေ့က မြန်မာနိုင်ငံတော် သမ္မတရုံးမှ  ပြည်ထောင်စုဝန် ကြီးဦးအောင်မင်းနှင့်ဒီမိုကရေစီ   မိတ်ဆွေပါတီများ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးစင်တာ   ၌ မနက်(၇)နာရီက တွေ့ဆုံခဲ့ ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပဋိ ပက္ခများချုပ်ငြိမ်းရေးများအတွက်  ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲမှပြောကြားချက်များကို ကောက်နုတ်  ဖော်ပြပေးလိုက်ပါသည်။
ပြည်ထောင်စုဝန်ကြီဦးအောင်မင်း ရှင်းလင်းတင်ပြချက်-
““နှစ်ပေါင်း ၆၀လောက်ဖြစ် ခဲ့တဲ့ ဒီပြဿနာကြီးဟာ နာတာရှည် ရောဂါဆိုကြီးအဖြစ်ခံယူပါတယ်။ 

ပဲခူးမြို့ shinsung အထည်ချုပ်စက်ရုံက အလုပ်သမားများ လုပ်အားခလစာတိုးမြင့်ပေးရေးဆန္ဒထုတ်ဖော်


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပဲခူးသက္ကသိုလ်အနီး ယန်စီကျန် အထည်ချုပ်စက်ရုံဝန်းအတွင်း  shinsung စက်ရုံမှ လုပ်သမား ၂၀၀၀ ဦးသည်  အခြေခံလုပ်အားခလစာတိုးမြင့်ပေးရေးကို နိုဝင်ဘာ ၅   ရက်နေ့မှ ၈ရက်နေ့အထိ  ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရှိရ သည်။

Tuesday, November 6, 2012

စက်စဲကမ်းခြေရောက် NDF ပါတီလူငယ်များ အမှတ်တရ


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နိုင်ငံရေးကိုယ်ရည်ကိုယ်သွေးမြင့်သင်တန်း ဖွင့်ပွဲ


ပါတီဝင်ရဲဘော်များအား နိုင်ငံရေးကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြု လုပ်သော နိုင်ငံရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉း၃၀ နာရီက ပါတီဌာနချ
ုပ်ရှိရာ အနောက်မြင်းပြိုင်ကွင် လမ်းတွင် ပြုလုပ်သည်။