Thursday, November 22, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များ ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်သို့ စည်းရုံးရေးဆင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီအတွင်းရေးမှူး(၂) ဦးကျော်သူရ နှင့် စည်းရုံးရေးမှူး ဦးအောင်သူငြိမ်းတို့သည် (၂၀-၁၁-၂၀၁၂) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ နယ်သို့ သွားရောက်၍ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြောင်းမြမြို့နယ်ဥက္ကဌ ဦးအောင်မျိုးလှိုင်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ကြိုဆိုကြပြီး လက်ရှိဖြစ်ပေါ်နေသောA စည်းရုံးရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ပါတီသို့ဝင်ရောက်ရန် အဆိုပြုထားသော ပါတီဝင်သစ်များနှင့် တွေ့ဆုံ ဆွေးနွေးကြပြီး တောင်သူလယ်သမားအရေးကိစ္စများကိုလျင်မြန်စွာကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်တောင်သူလယ်သမားလုပ်ငန်းကော်မတီကို ဗဟိုတောင်သူလယ်သမားလုပ်ငန်းကော်မတီခေါင်းဆောင် ဦးကျော်သူရက ဖွဲ့စည်းပေးခဲ့ကြောင်း သတင်းရရှိသည်။NDF

No comments:

Post a Comment