Friday, November 9, 2012

NDF ပါတီနှင့် ဂျပန်မိုင်အီနီချီသတင်းဌာနတို့ တွေ့ဆုံမေးမြန်း


Photo: NDF Activity November9, 2012 Friday
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ ၉-၁၁-၂၀၁၂ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ဂျပန် မိုင်အီနီချိသတင်းစာတိုက်မှ ဂျပန်သတင်းထောက် တစ်ဦး မြန်မာစကားပြန်ဖြင့်လာရောက်၍ မြန်မာ့နိုင်င့ရေးနှင့်ပတ်သက်၍ သိရှိလိုသောအချက်အလက်များ ကို လာရောက်အင်တာဗျုးပြုလုပ်ခဲ့သည်။ 
 ထိုဂျပန်သတင်းထောက်၏မေးမြန်းချက်များကို အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုတိယဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့က ရှင်းလင်းဖြေကြားခဲ့သည်။ 
 မေးမြန်းချက်များတွင် ၂၀၁၀ တွင် အဘယ်ကြောင့်နိုင်ငံရေးပါတီတည်ထောင်ခဲ့ရပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ရခြင်း၊ NLD ပါတီခေါင်းဆောင်များ၏ NDF အပေါ် အမြင်သဘောထား၊နှင့် လက်ရှိဆက်ဆံရေး အနေအထား၊  လက်ရှိဖြစ်ပေါ်နေသာ အပြောင်းအလဲများအပေါ် ထင်မြင်ယူဆချက်၊ ထိုအပြောင်းအလဲများ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးခဲ့သူများ အကြောင်း၊ နိုင်ငံတကာမှ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် နည်းလမ်းပေါင်းစုံတွန်းအား ပေးခဲ့မှုများအပေါ် ထင်မြင်ချက်၊ ၁၉၈၈ မှ ၂၀၁၀ ထိအောင် ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်ရင်း အဖမ်းခံ၊ ထောင်အကျခံ၊ မိသားစုဘ၀အပျက်ခံ၊ သေဆုံးခဲ့ရသူများဒ၏ စွန့်စားရင်းနှီးမှုများ၏ ရလာဒ် အကြောင်းများကို မေးမြန်းခဲ့ရာ ပါတီခေါင်းဆောင် များက ၁၉၈၈ မှ ယနေ့ထိအောင် ဖြစ်ပျက်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
 ထိုအင်တာဗျူးသည် ညနေ ၄း၀၀ နာရီမှ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
NDF Activity November9, 2012 Friday

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ ၉-၁၁-၂၀၁၂ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ဂျပန် မိုင်အီနီချိသတင်းစာတိုက်မှ ဂျပန်သတင်းထောက် တစ်ဦး မြန်မာစကားပြန်ဖြင့်လာရောက်၍ မြန်မာ့နိုင်င့ရေးနှင့်ပတ်သက်၍ သိရှိလို
သောအချက်အလက်များ ကို လာရောက်အင်တာဗျုးပြုလုပ်ခဲ့သည်။

ထိုဂျပန်သတင်းထောက်၏မေးမြန်းချက်များကို အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုတိယဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့က ရှင်းလင်းဖြေကြားခဲ့သည်။
မေးမြန်းချက်များတွင် ၂၀၁၀ တွင် အဘယ်ကြောင့်နိုင်ငံရေးပါတီတည်ထောင်ခဲ့ရပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ရခြင်း၊ NLD ပါတီခေါင်းဆောင်များ၏ NDF အပေါ် အမြင်သဘောထား၊နှင့် လက်ရှိဆက်ဆံရေး အနေအထား၊ လက်ရှိဖြစ်ပေါ်နေသာ အပြောင်းအလဲများအပေါ် ထင်မြင်ယူဆချက်၊ ထိုအပြောင်းအလဲများ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးခဲ့သူများ အကြောင်း၊ နိုင်ငံတကာမှ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် နည်းလမ်းပေါင်းစုံတွန်းအား ပေးခဲ့မှုများအပေါ် ထင်မြင်ချက်၊ ၁၉၈၈ မှ ၂၀၁၀ ထိအောင် ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်ရင်း အဖမ်းခံ၊ ထောင်အကျခံ၊ မိသားစုဘ၀အပျက်ခံ၊ သေဆုံးခဲ့ရသူများဒ၏ စွန့်စားရင်းနှီးမှုများ၏ ရလာဒ် အကြောင်းများကို မေးမြန်းခဲ့ရာ ပါတီခေါင်းဆောင် များက ၁၉၈၈ မှ ယနေ့ထိအောင် ဖြစ်ပျက်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုအင်တာဗျူးသည် ညနေ ၄း၀၀ နာရီမှ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment