Thursday, November 8, 2012

ဦးအောင်မင်းနှင့်ဒီမိုကရေစီမိတ်ဆွေပါတီများငြိမ်းချမ်းရေးဆွေးနွေး

 
နိုဝင်ဘာလ(၃)ရက်နေ့က မြန်မာနိုင်ငံတော် သမ္မတရုံးမှ  ပြည်ထောင်စုဝန် ကြီးဦးအောင်မင်းနှင့်ဒီမိုကရေစီ   မိတ်ဆွေပါတီများ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးစင်တာ   ၌ မနက်(၇)နာရီက တွေ့ဆုံခဲ့ ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပဋိ ပက္ခများချုပ်ငြိမ်းရေးများအတွက်  ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲမှပြောကြားချက်များကို ကောက်နုတ်  ဖော်ပြပေးလိုက်ပါသည်။
ပြည်ထောင်စုဝန်ကြီဦးအောင်မင်း ရှင်းလင်းတင်ပြချက်-
““နှစ်ပေါင်း ၆၀လောက်ဖြစ် ခဲ့တဲ့ ဒီပြဿနာကြီးဟာ နာတာရှည် ရောဂါဆိုကြီးအဖြစ်ခံယူပါတယ်။ 
   ဒီအနာရောဂါ ဟာ ပြန်ပြန်ထပါတယ်။ကျွန်တော်   ဒါကြောင့်မို့ ဒီနာတာရှည်ရောဂါ ဆိုးကြီးကိုတော့ ဆေးမြီးတိုနဲ့ကု  သလို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ လုံးဝပျောက်ကင်း   သွားအောင် ဆေးနည်းအသစ် တွေနဲ့ကုသရမယ်။တိုင်းရင်းသား တွေနဲ့ငြိမ်းချမ်းရေးကိစ္စဆောင် ရွက်တဲ့အခါမှာ သမ္မတကြီးချ ပေးတဲ့မူကို ကျန်တဲ့တိုင်းရင်းသား    တွေက လက်ခံပါတယ်။ လက်ခံ လို့လည်း လက်မှတ်ထိုးပြီးပါပြီ  ပထမအဆင့် အပစ်အခတ်ရပ်စဲ ရေးကိစ္စ။ အခု ကချင်တိုင်းရင်း သားအဖွဲ့ ကျန်တာပေါ့ဗျာ။ အောက်တိုဘာ(၃၀)ရက်က ရွှေလီသွားပြီးတော့ ကချင်တိုင်း ရင်းသားတွေနဲ့ဆွေးနွေးပွဲလုပ်ပါ တယ်။ ဒီလက်နက်ကိုင်ဖြစ်လာရ ခြင်း အကြောင်းအရင်းဟာ နိုင်ငံ  ရေးပြဿနာက စတာဖြစ်တယ်။   ကျွန်တော်တို့ပြောထားတာရှိတယ်။   ကျွန်တော်တို့က တိုင်းရင်းသား တွေနဲ့ငြိမ်းချမ်းရေးလုပ်တဲ့ အခါ မှာကျွန်တော်တို့ရဲ့ဆန္ဒတစ်ခုတည်း  ဘယ်တော့မျှမလုပ်ပါဘူး။သူ တို့ရဲ့တောင်းဆိုချက်အပေါ်မှာ မူ တည်ပြီးတော့ပဲ လုပ်ပါတယ်။   ငြိမ်းချမ်းရေးအတွက် ဦးခင်မောင် ဆွေ၏ ရှင်းလင်းတင်ပြချက်
““နံပါတ်တစ်က ကျွန်တော်ရဲ့အတွေ့အကြုံအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်တဲ့ အခါမှာ အပစ်အခတ်ရပ်စဲရေး  လောက်နဲ့မပြီးနိုင်ဘူး။အပစ်အခတ်  ရပ်စဲရေးဟာ ခိုင်မာတဲ့အာမခံ ချက်မဟုတ်ဘူး။ဒါကြောင့်မို့လို့ စစ်မှန်တဲ့ပြည်ထောင်စုသွားမယ် ဆိုတဲ့ သဘောထားရပ်တည်ချက်  တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ    နဲ့ရှိနေမှသာလျှင် ငြိမ်းချမ်းရေး   ဆွေးနွေးသဘောထားဟာ ထူ ထောင်ပြီးဖြစ်မယ်။အဲလောက် အဆင့်အထိရှိမှသာလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်  အောင်မြင်ထားတဲ့ အဆင့်ဆင့်က နောက်ပြန်ဆုတ်ဖွယ်ရာမရှိဘူး  လို့ ငြိမ်းချမ်းရေးကိုလည်း ဦးစား ပေးနိုင်မယ်လို့ ယူဆတဲ့အတွက်    ကြောင့် နိုင်ငံရေးဆွေးနွေးတာကို တင်ပြတာဖြစ်ပါတယ်။ ကချင် ပြည်နယ်မှာဖြစ်နေတဲ့ အထွေထွေ  ခံစားနေရတဲ့ ဝေဒနာတွေကို ခင်ဗျားတို့ ကျွန်တော်တို့က ဖယ် ရှားပေးရမှာ။ နိုင်ငံတကာ အကူ အညီနဲ့ပဲဖြစ်ဖြစ်နိုင်ငံတော်အစိုးရ   ရဲ့ဘဏ္ဍာငွေနဲ့ပဲဖြစ်ဖြစ် အဲဒီနေ ရာက ရွှေ့ပြောင်းသွားတဲ့ သူတွေ ကို နေရာတကျဖြစ်အောင်လုပ် ပေးဖို့က သိပ်ကိုအရေးကြီးပါတယ်””
ငြိမ်းချမ်းရေးအတွက် ဒေါက်တာသန်းငြိမ်း၏ ဆွေးနွေးတင်ပြ ချက်
““ဆွေးနွေးတဲ့အခါအလွန်အံ့ သြဖွယ်ရာတွေ့ရပါတယ်။အဲဒါ ဘာလဲဆိုတော့ တိုင်းရင်းသား တွေက ပြည်ထောင်စုက ဘယ်တော့ မှခွဲမထွက်ဘူးဆိုတာ အာမခံပါ တယ်။ စစ်မှန်တဲ့ပြည်ထောင်စု စနစ်တည်ဆောက်တဲ့နေရာမှာ ဗဟိုပြည်ထောင်စုအစိုးရနဲ့ပြည် နယ်အစိုးရတွေကြားမှာ တရားမျှ  တတဲ့ လက်တွေ့ကျတဲ့အာဏာခွဲဝေမှု Power Sharing။အဲဒါ တွေကိုလည်း ညှိနှိုင်းပြီးတော့  လက်တွေ့အကောင်အထည်ဖော် ဖို့ကျွန်တော်တို့က လက်ခံပြီးသားပါ””ဟုဆွေးနွေးတင်ပြခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ဦးစိုင်း အောင်မြတ်၏ ဆွေးနွေးတင်ပြ ချက်
““ကျွန်တော်တို့  လွတ်လပ်ရေးရတာ နှစ်ပေါင်း  ၆၀ကျော်ပြီ။  Constitution က သုံးခါရှိပြီ။   Constitution ကမပီပြင်လို့၊ တိုင်း ရင်းသားတွေအားလုံးက သိပ်ပြီး တော့မကျေနပ်လို့ ငြိမ်းချမ်းရေး မရဘူးလို့ပဲ ရိုးရိုးသားသားယုံ ကြည်ပါတယ်။  Power Sharingမှာ အရမ်းကို အားနည်းပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ အစိုးရတွေဟာ ထောက်ခံချက် ပေးတဲ့အဆင့်ပဲရှိပါတယ်။အဲဒီတော့  တိုင်းဒေသကြီးနဲ့ပြည်နယ်တွေဟာ ဘာမျှလုပ်ပိုင်ခွင့်မရှိပါဘူး။ပြည် ထောင်စုအစိုးရဆီမှာပဲ အားကိုး ရှိနေတယ်””ဟုဆွေးနွေးတင်ပြခဲ့ သည်။ငြိမ်းချမ်းရေးအတွက် ဦးလှသန်း၏တင်ပြချက်-
““ကျွန်တော်တို့ရခိုင် မြေမှာ ရိုးရိုးသားသားနေပြီးတော့အစော်ကားခံရတယ်။လုယက်ခံရတယ်။ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးဂုဏ် သိက္ခာကိုထိခိုက်ပါတယ်။ တိုင်း ပြည်အတွက် Image တွေလည်း ညစ်ညမ်းပါတယ်။ကျွန်တော်တစ် ခုဆွေးနွေးတင်ပြချင်တာက ဒီပြ ဿနာဖြစ်ပြီးတော့ ဒုတိယနောက် ဆက်တွဲဖြစ်လာတဲ့အခါမှာ နိုင်ငံ တော်သမ္မတရုံးကနေ ကြေညာ   ချက်ထွက်လာပါတယ်။အဲဒီထဲမှာရခိုင်နိုင်ငံရေးပါတီနှင့်ငြိမ်းချမ်း  ရေးယူထားသော အဖွဲ့အစည်း များပါဝင်ပတ်သက်နေတယ်။အဲတော့ ပွင့်ပွင့်လင်းလင်းပြောရင်  RNDP နဲ့ငြိမ်းချမ်းရေးယူထားတဲ့  KNU ကိုညွှန်းတယ်လို့ နားလည် တယ်။ဒီဖြစ်စဉ်တစ်ခုလုံးမှာ ကျွန်တော်တို့ပါတီထဲမှာရှိတဲ့ ခေါင်းဆောင်တွေဟာ အတတ် နိုင်ဆုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ကြိုးစား  ခဲ့ပါတယ်။ နောက်တစ်ခုက ဒုတိယအကြိမ်မဖြစ်ခင်  ပထမအကြိမ်တုန်းကလည်း သမ္မ တရုံးက ထွက်လာတဲ့အခါမှာလည်း  ဒီလိုပဲ နားလည်မှုလွဲပြီးတော့ ရေးထားတဲ့ စာတမ်းတွေအများ ကြီးပဲတွေ့ရပါတယ်။ နိုင်ငံတကာကျပြန်တော့လည်း RNDP တွေ ဟာ တပ်မတော်နဲ့ပေါင်းပြီးတော့   မူဆလင်တွေကို၊ဘင်္ဂါလီကုလား တွေကို နှိမ်နင်းတယ်ဆိုတဲ့ အသံ တွေထွက်လာပါတယ်။ ကျွန်တော် တို့ဟာNationalism Radical  ဖြစ်နေတဲ့ လူအုပ်ကြားထဲမှာ တစ် မျိုး။ကျွန်တော်တို့တပ်မတော်ကို ရင်ဆိုင်ရတာတစ်မျိုး ဘင်္ဂါလီ ကုလားတွေ ရင်ဆိုင်နေရတာတစ်  မျိုး။အဲဒီကြားမှာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေက ညပ်နေပါ တယ်””။
ငြိမ်းချမ်းရေးအတွက် ဒေါ်ချိုချို ကျော်ငြိမ်း၏ဆွေးနွေးတင်ပြချက်
ဒီလူနည်းစုတွေက ကျွန်မ  တို့ကိုပြောတယ်။ ဗမာတွေက အာဏာကို လက်ဝါးကြီးအုပ်ထား      တဲ့အတွက်Power Sharing ကို     ၀န်ကြီးမင်းတို့အနေဖြင့် တတ်နိုင် ရင် လုပ်ပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ကယန်း တွေက ပြောတယ်။( လောပိတရေ  တံခွန်အောက်မှာနေပြီးတော့ ကျွန်တော်တို့က ဖယောင်းထွန်း ပြီးနေနေရတယ်။ ခင်ဗျားတို့က တော့ …)ဒါကိုလည်း ကျွန်မခံစားရ  ပါတယ်။ဘာပဲဖြစ်ဖြစ် သူတို့ကို ခံစားခွင့်ပေးမယ်ဆိုရင်အများကြီး    လျော့သွားနိုင်ပါတယ်။ သမ္မတကြီး  က အစ၀န်ကြီးတွေကအဆုံး ဒီ   လူတွေပေါ်မှာ မေတ္တာထားလို့ အပင်ပန်းခံပြီးတော့ ဘယ်အချိန်  ဘယ်နေရာရောက်ရောက် ငြိမ်း ချမ်းရေးအတွက် လုပ်မယ်ဆိုတာ ယုံကြည်ပါတယ်””
ငြိမ်းချမ်းရေးအတွက် ဦးထွန်း ရွှေ၏တင်ပြချက်
““ရခိုင်ပြည်နယ်မှာဖြစ်ပေါ် နေတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့  အခုနောက်ဆုံးတင်ပြလိုတဲ့အချက် မှာ ဘာလဲဆိုတော့ သူတို့ဟာလူမျိုးတစ်မျိုးဖြစ်တယ်။  MTPT ဟာ အဲဒီအချက်တွေနဲ့ ကိုက်ညီ   လားမကိုက်ညီဘူးလား အချက် ကို စဉ်းစားတဲ့နေရာမှာ တိတိကျကျပြော ရမယ်ဆို လူမျိုးတစ်မျိုးအင်္ဂါရပ် နဲ့သူတို့ဟာ မပြည့်စုံပါဘူး။အဲဒီ ပြဿနာပေါ်လာတဲ့အခါမှာ ရခိုင် ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခပေါင်း များစွာဟာ ဒီအဖွဲ့အနေနဲ့ရပ်တည်    ပြီးတော့ ပြောနေတဲ့ အခက်တွေ ဟာ ဒီထဲမှာ အကုန်ပါတယ်။ဒီ အချက်နဲ့ပတ်သက်ပြီးတော့ တင်ပြ ချင်တာက ဒီစာအုပ်ကိုပေးခဲ့မှာ ပါ။ အဲဒါနဲ့ ပတ်သက်ပြီး စဉ်းစား ကြည့်မယ်ဆိုရင် ရိုဟင်ဂျာဆိုတဲ့  အင်အားစုဟာ လူမျိုးတစ်မျိုးအ နေနဲ့လုံးဝမဖြစ်နိုင်တဲ့ အခြေအနေ  မှာရှိပါတယ်””
ငြိမ်းချမ်းရေးအတွက် ဦးမျိုး ညွန့်၏တင်ပြချက်
၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ  ပြင်ပေးပါပြောင်းပေးပါ၊ ဖျက်ပေး လို့ပြောတဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေရှိနေတယ်။ အဲဒါ လက်မခံ ဘူး။ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေ    ဟာ သင့်မြတ်တဲ့ဥပဒေဖြစ်ပါတယ်။    လိုအပ်သလို အခြေအနေနဲ့ကိုက် ညီအောင် ပြင်စရာရှိရင် ကျွန် တော်တို့ ဘာသာပြင်မှာပေါ့။ ဒါပဲဖြစ်သင့်ပါတယ်။ဒါကလွဲလို့တော့ သင့်မြတ်တဲ့ဥပဒေဖြစ်တဲ့အတွက်  နိုင်ငံသားဖြစ်ရင် ဖြစ်ထိုက်တယ်၊ မဖြစ်ရင်မဖြစ်ထိုက်ဘူး။သို့သော်  ဒါကိုကျော်ပြီးတော့ တောင်းဆို လာရင်တော့ လက်မခံနိုင်ပါဘူး””
ဦးနိုင်ကျင်မောင်၏ဆွေးနွေး  ချက်
““မွန်လူမျိုးတော်တော်များများသည် ပဲခူးနဲ့ရန်ကုန်မှာရှိနေသော်လည်း   မွန်တိုင်းရင်းသား ကိုယ်စားလှယ်     တွေမရပါဘူး။ မရတဲ့အကြောင်း အရင်းကိုကြည့်လိုက်တော့ မှတ်    ပုံတင်ထဲမှာ အကုန်လုံး မွန်အစား  ဗမာမှတ်ပုံတင်တွေပဲဖြစ်နေတယ်။   ဒီရန်ကုန်မှာဖြစ်နေတဲ့သူတွေနဲ့ ပြန်တွေ့ရတော့ သူတို့က မွန်ပြန် ဖြစ်ချင်ကြတယ်။မှတ်ပုံတင်ထဲမှာ   ပဲခူးမှာကော ဒီအတိုင်းပဲပြန်ဖြစ် ချင်ကြတယ်။ ဒါကြောင့်မို့လို့ မွန် ကိုယ်စားလှယ်က ရကိုရရမယ့် အနေအထားမှာ မွန်တွေရှိသော် လည်း မရလိုက်ပါဘူး။ နောက် တစ်ခုကြည့်တာက ဟိုဘက်က လျှောက်လွှာတွေ မျိုးရိုးစဉ်ဆက်   ကိုလိုက်ပြီး ကြိုးစားမယ်ဆိုလည်း   မရပါဘူး။ကျွန်တော်တို့မှတ်ပုံတင်  ကိုင်ထားတဲ့ ဗမာတစ်ယောက်က  မွန်စစ်တယ်ဆိုရင် မှတ်ပုံတင်ရုံး နဲ့ပဲမေးခိုင်းပါတယ်။ ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော်တို့တွေကို မှတ် ပုံတင်ပြန်ဖြစ်ချင်တဲ့သူတွေကို ကူညီနိုင်ရင်ကူညီပေးပါ””
ဝန်ကြီးဦးအောင်မင်းနှင့်ဒီမို ကရေစီမိတ်ဆွေပါတီများတွေ့ဆုံ စဉ် ၎င်းင်းတို့၏ တင်ပြသောအချက်  များထဲမှ သတင်းကောက်နုတ် ချက်သာဖြစ်သည်။


ဖြိုးအောင်

No comments:

Post a Comment