Wednesday, November 21, 2012

ပြည်သူ့လွှတ်တော်တွင် NDF လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေကြမ်းအဆိုတင်သွင်း

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒဂုံမြို့သစ်မြောက်ပိုင်းပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်တင်နွယ်ဦးက ကချင်ပြည်   နယ်နှင့် ရခိုင်ပြည်နယ်တွင် အတိဒုက္ခရောက်နေသောပြည်သူ လူထုအား ထော က်ပံကြေးပေးရန် ဥပဒေကြမ်းနှင့် စည်ပင်သာယာရေးဥပဒေ  ရုပ်သိမ်းရန်ဥပဒေကြမ်းကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။ ထို့အတူ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းကလည်း နိုင်ငံသားများ အခွင့် အရေးကာကွယ်သည့်ဥပဒေကြမ်းကို တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ အမျိုးသားဆက်သွယ်ရေးဥပဒေကြမ်း။

အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်ေ အာက်တိုဘာ လ၁၈ ရက်နေ့က တင်သွင်းခဲ့သော အမျိုးသား ဆက်သွယ်ရေး ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များအား ဖြန့်ဝေပြီးဖြစ်သော်လည်း မကြာမီက ၀န်ကြီးဌာနမှ သတင်းစာများတွင် ဖော်ပြခဲ့သော ဆက်သွယ်ရေးဥပဒေကြမ်းကြောင့် အမျိုးသားလွှတ်တော်တွင် မည်ကဲ့သို့ဖြစ်လာ မည်ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များ က စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment