Tuesday, January 29, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်မြင့်တင်ရေးသင်တန်း ၁/၂၀၁၃ ဖွင့်ပွဲပြုလုပ်

၂၉-၁-၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဌာနချုပ်ရုံးတွင် ပါတီဝင်များအတွက် စွမ်းရည်မြင့်တင်ရေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားသို့ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ၊
ပါတီဒု-ဥက္ကဌ ဦးစိန်လှဦး၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဌာနချုပ်ရုံးအုပ်ချုပ်ရေးမှူး ဦးတိုးတိုးနှင့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပါတီဝင်သင်တန်းသားများ ၄၀ဦး တက်ရောက်ကြသည်။

Saturday, January 26, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပါတီဝင်များအတွက် မကြာမီ စွမ်းရည်မြှင့်သင်တန်းပေးရန် ရှိနေ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပါတီဝင်များအတွက် မကြာမီ စွမ်းရည်မြှင့်သင်တန်းပေးရန် ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း

Photo: အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း
 အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရှိ ရန်ကုန်တိုင်းရုံးတွင် ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းသည့် အစည်းအဝေးကို ၂၁-၁-၂၀၁၃ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထို အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးသက်ထွန်းမောင်နှင့်ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။
 ထိုအစည်းအဝေးမှ ဥက္ကဌ ဦးသက်ထွန်းမောင်ဦးဆောင်သော တိုင်းစည်းရုံးရေးကော်မတီ ၂၁ ဦးနှင့် တိုင်း အရံကော်မတီဝင် ၆ ဦးကို ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။  ပြင်ဆင်ဖွဲ့စည်းထားသော ရန်ကုန်တိုင်းဒေသ ကြီးစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းအတွင်း ပါတီစည်းရုံးရေးလှုပ်ရှားမှုများကို  ပိုမိုလုပ်ကိုင်သွားမည် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရှိ ရန်ကုန်တိုင်းရုံးတွင် ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းသည့် အစည်းအဝေးကို ၂၁-၁-၂၀၁၃ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထို အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ ဦးသက်ထွန်းမောင်နှင့်ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။

အခြေခံဥပဒေခုံရုံးကိစ္စနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေ၏ အမြင်သဘောထား


Thursday, January 3, 2013

ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် အတွက် နေပြည်တော်သို့သွားရောက်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများမှ ဥက္ကဌများကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားချက် အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေသည် နေပြည်တော်သို့ ၂-၁-၂၀၁၃ ရက်နေ့က ထွက်ခွာ
သွားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲကို ၃-၁-၂၀၁၃ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် ကော်မရှင်အစည်းအဝေးခန်းမတွင် ကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် တင်ပြရန်အတွက် အချက်အလက်များကို ဒီမိုကရေစီမိတ်ဆွေပါတီများက အချင်းချင်း ကြိုတင်ညှိနိုင်းဆွေးနွေးထားကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတက ဧည့်ခံမည့် လွတ်လပ်ရေးနေ့ ညစာစားပွဲသို့လည်း ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ဆက်လက်တက်ရောက်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးနှင့် လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော် ဖွင့်လှစ်ပွဲကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးနှင့် 
လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော် ဖွင့်လှစ်ပွဲကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးနှင့် လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို  ၃-၁-၂၀၁၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီ တွင် ဌာနချုပ်ရုံးတည်ရှိရာ အမှတ် ၄၇၊ အနောက်မြင်းပြိုင်ကွင်း လမ်းတွင် ကျင်းးပပြုလုပ်ခဲ့ပါသည်။
 ထိုဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
 ထိုအခမ်းအနားတွင် ပါတီဒုဥက္ကဌ ဦးစိန်လှဦးက အဖွင့်အမှာစကားပြောကြားရာတွင် လွတ်လပ်ရေးနှင့်ပတ်သက် သည့် အကြောင်းအချက်များကို ထည့်သွင်းပြောကြားခဲ့သည်။ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ ဒု-ဥက္ကဌ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရခြင်း အကြောင်းရင်း နှင့် ဈေးရောင်းပွဲတော်ပြုလုပ်ရခြင်း အကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏နစ်နာချက်များနှင့် ဆန္ဒများကို လာရောက်တင်ပြဆွေးနွေးနိုင်ခွင့်ရရှိစေရန်ဖြစ်ကြောင်း၊ NDF ပါတီ၏လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူတို့၏ လိုလားချက်များကို လွှတ်တော်အတွင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များကိုလည်း အသိပေး အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း၊ ပါတီအနေဖြင့် အရေးကြီးသော ရံပုံငွေများကို တရားဝင်ဘောင်အတွင်းမှ ရရှိရန် အတွက် ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်၍ ရှာဖွေရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဘောင်အပြင်မှငွေကြေးများကို လုံးဝလက်ခံမည် မဟုတ်ကြောင်း၊ တရားဝင်းနည်းဖြင့်သာ ရှာဖွေသွားမည်ဖြစ်၍ ပါတီကိုလိုလားအားပေးသူများအနေဖြင့် လာရောက်အားပေးကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသွားခဲ့သည်။
 ထိုနောက်  လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းနှင့် ဈေးရောင်းပွဲတော်ကို ဖွင့်လှစ်ကြောင်း ကြေညာပြီး ကြွရောက် လာသူများက ပါတီမှ ရောင်းချသည့် ပစ္စည်းများကို လိုက်လြုံကည့်ရှုကာ ၀ယ်ယူအားပေးကြသည်။ ရောင်းချသည့်ပစ္စည်း များမှာ ကျောက်ပန်းချီကားများ၊ ပါတီအလံနှင့်ရင်ထိုးတံဆိပ်များ၊ တီရှပ်များ၊ ဘော်ပင်များ၊ ကျောက်ပုတီးများ၊ ဆွဲကြိုးများ ပါဝင်ပါသည်။ ဈေးရောင်းပွဲတော်ကို ဇန်န၀ါရီလ(၃)ရက်နှင့် (၄)ရက်နေ့အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားခြင်းကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့တင်ပြလိုသော အကြောင်းအချက်များ၊ နစ်နာချက်များကို စာဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း လာရောက်ပေးပို့ နိုင်ပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးနှင့် လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ၃-၁-၂၀၁၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီ တွင် ဌာနချုပ်ရုံးတည်ရှိရာ အမှတ် ၄၇၊ အနောက်မြင်းပြိုင်ကွင်း လမ်းတွင် ကျင်းးပပြုလုပ်ခဲ့ပါသည်။
ထိုဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။