Thursday, January 3, 2013

ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် အတွက် နေပြည်တော်သို့သွားရောက်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများမှ ဥက္ကဌများကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားချက် အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေသည် နေပြည်တော်သို့ ၂-၁-၂၀၁၃ ရက်နေ့က ထွက်ခွာ
သွားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲကို ၃-၁-၂၀၁၃ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် ကော်မရှင်အစည်းအဝေးခန်းမတွင် ကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် တင်ပြရန်အတွက် အချက်အလက်များကို ဒီမိုကရေစီမိတ်ဆွေပါတီများက အချင်းချင်း ကြိုတင်ညှိနိုင်းဆွေးနွေးထားကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတက ဧည့်ခံမည့် လွတ်လပ်ရေးနေ့ ညစာစားပွဲသို့လည်း ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ဆက်လက်တက်ရောက်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ၄-၁-၂၀၁၃ ရက်နေ့တွင် လွတ်လပ်ရေး နေ့ကြေညာချက်ထုတ်ပြန်မည် ဖြစ်သည်။

No comments:

Post a Comment