Friday, November 9, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြို့နယ်ရုံးခမ်းဖွင့်လှစ်

၎-၁၁-၂၀၁၂ ရက်နေ့က  မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်းဖွင့်လှစ်ပွဲကို နေ့လည် ၁၂း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုဖွင့်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုဥက္ကဌ ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ ပါတီအထွေထွေ အတွင်းရေးမှူးဒေါက်တာဝင်းနိုင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လမ်းပြကြယ်ဦးအေးမြင့်နှင့် ပဲခူးတိုင်းစည်းရုံးကော်မတီဝင်များ၊ ပေါင်မြို့နယ် မြိုနယ်စည်းရုံးရေးမှူး ဦးကြည်အေးနှင့် အဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ ၁၀၀ ခန့်တက်ရောက်ကြသည်။
ဖွင့်ပွဲအခန်းအနားတွင် ပါတီဥက္ကဌ ဥိးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားကာ ပါတီ၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားသည်။ ပါတီဒုဥက္ကဌ ဥိးစိုးဝင်းက လွှတ်တော်အတွင်းဆောင် ရွက်နေမှုများအကြောင်းပြောကြားကာ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က လယ်သမားအရေးလုပ်ဆောင်နေမှုများနှင့် လယ်ယာကိစ္စများကို လွှတ်တော်မှ ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ရုံးဖွင့်လှစ်ပွဲကို ရုပ်သိမ်းခဲ့သည်။

No comments:

Post a Comment