Friday, February 22, 2013

စကားနဲ့မပြောတော့ဘူးဗျာ။ ဒီပုံလေးတင်ပေးလိုက်မယ်။


ဦးခင်မောင်ဆွေနှင့်တွေ့ဆုံမေးမြန်းခြင်း

  • February 23, 2013
(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေဟာ ပါတီ မှတ်ပုံတင်ရေးကို လိုလားသူ အဖြစ် လူသိများသူ ဖြစ်ပါတယ်။ ပါတီရှေ့ရေးနဲ့ ပတ်သက်ပြီး၊ မှတ်ပုံမတင်ရေး ဆုံးဖြတ်တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်း ဂျာနယ်မှာ တွေ့ဆုံမေးမြန်း ထားတာကို မျှဝေပေး လိုက်ပါတယ်။)
ဦးခင်မောင်ဆွေ၏ ကိုယ်ရေးအကျဉ်း
ဦးခင်မောင်ဆွေကို ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ဗုဒ္ဓဘာသာ မိဘနှစ်ပါး ဖြစ်သော ဦးမောင်အေး၊ ဒေါ်တင်ကြည်တို့မှ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် မွေးဖွားခဲ့သည်။ ဦးခင်မောင်ဆွေသည် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ရေနံမြေပေါင်းစုံ အလုပ်သမား သမဂ္ဂများကို ဦးဆောင် ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူ တာဝန်ပေးချက် အရ ၁၉၈၈ အောက်တိုဘာတွင် ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် အဖွဲ့ချုပ် တာဝန်များကို စတင် ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ မကွေးတိုင်း စည်းရုံးရေး တာဝန်ခံအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီး မကွေးတိုင်း (၂၅)မြို့နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများကို လှုပ်ရှား ဆောင်ရွက်ခဲ့သည်။
ရန်ကုန် တက္ကသိုလ်တွင် ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ ပညာ သင်ကြားခဲ့ပြီး ဘီအက်စ်စီ (ဘူမိဗေဒဘွဲ့)ကို ရေနံလုပ်ငန်း ဆိုင်ရာ ဘာသာတွဲဖြင့် ရရှိခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ပညာ သင်ကြားစဉ် ပုသိမ်ခရိုင် ကျောင်းသားများ အသင်း စည်းရုံးရေးမှူး၊ ဘာသာရပ်ဆိုင်ရာ အသင်းများ၏ အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့ဝင်အဖြစ် ၁၉၆၂ ခုနှစ် ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

Thursday, February 14, 2013

ညောင်လေးပင်မြို့နယ်အတွင်း (NDF)ပါတီရုံးခန်းများကို ပြည်ထောင်စုနေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့



ညောင်လေးပင်မြို့နယ်အတွင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ  မြို့နယ်ရုံးခန်းနှင့် ကျေးရွာရုံးခန်း(၂)ခု
အား ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နံနက်(၈း၀၀)နာရီ မှစတင်၍ နေ့လည် (၂း၀၀)နာရီအတွင်း ပါတီရုံးခန်း(၃)ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ရုံးခန်းကို တော်ပသီကျေးရွာနေ ဦးဝင်းကြည်၏ နေအိမ်၌ လည်းကောင်း၊ ကျေးရွာရုံးခန်း(၂)ခုအား မုက္ခမူကျေးရွာနေ စောမျိုးမင်းလှိုင်၏ နေအိမ်နှင့် ရေဖြူကန်ကျေးရွာနေ ဦးမင်းအောင်၏ နေအိမ်တို့တွင် အသီးသီးဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါရုံးခန်းဖွင့်ပွဲအခမ်းအနားများတွင် ဦးမြတ်မိုး(ပဲခူးတိုင်းစည်း-ဒုဥက္ကဌ)မှ

Wednesday, February 13, 2013

ကျနော်တို့ ပါတီဝင်တွေအားလုံးကို အမြဲသတိပေးနေရပါတယ်

ကျနော်တို့ပါတီကို ကောင်းတာပဲအဖြစ်ဖြစ်ဆိုးတာပဲအဖြစ်ဖြစ် နာမည်အမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးတပ်လို့ရပါတယ်။ ဒါပေမယ့် အမှန်တရားအတွက်သမိုင်းဆိုတာရှိပါတယ်။ ကျနော်တို့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲအရေးကြီးတာပါ။ တချို့ကိစ္စတွေ အမှန်တရားတွေဟာ အခြေနေအချိန်အခါအရ ငုပ်လျှိုးနေတတ်တယ်ဆိုတာလေး ကို ကျနော်တို့ ပါတီဝင်တွေအားလုံးကို အမြဲသတိပေးနေရပါတယ်။

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး

မေး။      ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့လုပ်ကိုင်နိုင်စွမ်း ယှဉ်ပြိုင်နိုင်စွမ်းတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။

ဖြေ။       ။ ၂၀၁၅ အတွက်ဆိုအခု ပါတီတွေက (၅၀) ကျော်သွားပြီ။ (၅၄) ပါတီရှိသွားပြီ။ နောက်ထပ်လည်းတိုးဖို့ရာ ရှိနေပါသေးတယ်။ မသကာပြောမယ်ဆိုရင် ပါတီလေးငါးဆယ်ခုလောက်တော့တိုးရင်တိုးနေဦးမှာပါ။ ပါတီတွေအများကြီး ဖြစ်လာမှာပါ။ ၂၀၁၅ ပွဲကတော့ ပြည်သူတွေမျက်စိလည်မယ့်ပွဲလို့ပြောရမှာပေါ့။ အင်အားကြီးပါတီကတော့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီပေါ့။ ကျန်တဲ့ပါတီတွေက သူတို့လောက်အရှိန်အ၀ါမကြီးပေမယ့်လို့ အချို့ပါတီတွေက စည်းရုံးရေးအင် အားကောင်းတယ်။ အချို့ပါတီတွေက နိုင်ငံရေးသိက္ခာရှိခဲ့ကြတယ်။ တချို့ပါတီတွေက နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ပါတီမျိုးကျတော့ နိုင်ငံရေးဥပဓိရုပ်ကောင်းတာပေါ့။

Saturday, February 9, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြိှု့နယ်ရုံးသစ်ဖွင့်လှစ်


Photo: NDF ACTIVITY FEB9-2013
အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမှုသတင်းများ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြိှု့နယ်ရုံးသစ်ဖွင့်လှစ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြိှု့နယ်ရုံးသစ်ဖွင့်လှစ်ပွဲကို ၉-၂-၂၀၁၃ ရက်နေ့ နံနက် ၁၀း ၀၀ နာရီက မြို့နယ်ရုံးခန်းသစ်တည်ရှိရာ အမှတ် ၁၃၄၅၊ မြ၀တီမင်းကြီးလမ်း၊ အမှတ် ၁၀၇ ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ရုံးခန်းသစ်ဖွင့်လှစ်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒု-ဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူးနှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးစိန်ဝင်း၊ ဦးတိုးတိုး တို့နှင့် ရန်ကုန်တိုင်းဒေ သကြီး စည်းရုံးရေး ကော်မတီဝင်များ၊ မြို့နယ်များမှ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဒဂုံမြို့သစ်တောင်ပိုင်းမှ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ၊ ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဌ ဦးကျော်မင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တိုင်းစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) ဦးမင်းမင်းထွန်းက ဆောင်ရွက်သည်။ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီးနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပါတီ၏လုပ်ဆောင်ချက်များ၊ ပါတီဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနှင့် ပါတီလုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံ ရေးအခြေအနေများ နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်
က ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပါတီဖွဲ့စည်းပုံအကြောင်း၊ ပါတီဖြစ်ပေါ်လာရခြင်း အကြောင်း၊ ပါတီစည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းများ၊ မြို့နယ်စည်းရုံးရေးကော်မတီအနေဖြင့် လုပ်ဆောင်ရမည့် အနေအထားများကို အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်းစည်းရုံရေးကော်မတီ အတွင်းရေးမှူး ဦးထက်အောင်ကျော်က ရန်ကုန်တိုင်းအနေဖြင့် ဆောင်ရွက်လျှက်ရှိသော ဆောင်ရွက်ချက်များ။ လူမှုရေးဆောင်ရွက်ချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်းရေးမှူး ဦးကျော်လွင်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို နေ့လည် ၁၁း၃၀ တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အခန်းအနားပြီးဆုံးပြီးနောက် တက်ရောက်လာကြသော ပါတီဝင်များအား နံနက်စာထမင်းနှင့် ဧည့်ခံကျွေးမွေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် မနက်ဖြန် ၁၀-၂-၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် ၊ အမှတ်(င)ရပ်ကွက်တွင် ရပ်ကွက်ရုံးသစ်ဖွင့်လှစ်မည် ဖြစ်ပါသည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြိှု့နယ်ရုံးသစ်ဖွင့်လှစ်ပွဲကို ၉-၂-၂၀၁၃ ရက်နေ့ နံနက် ၁၀း ၀၀ နာရီက မြို့နယ်ရုံးခန်းသစ်တည်ရှိရာ အမှတ် ၁၃၄၅၊ မြ၀တီမင်းကြီးလမ်း၊ အမှတ် ၁၀၇ ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။

Friday, February 8, 2013

ပြောင်းလဲရမည့် စီးပွါးရေးမှုဝါဒ၊ မြေယာမှုဝါဒနှင့် နိုင်ငံရေး ထွက်ပေါက်ဆီသို့

  • February 5, 2013

မြန်မာနိုင်ငံသည် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်၊ သယံဇာတများနှင့် လူသားရင်းမြစ်တို့ ကြွယ်ဝ၍ တိုင်းပြည်က ချမ်းသာပါသည်။ သို့သော် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ စစ်တမ်းများအရ မြန်မာ့လူဦးရေ၏ ၃၀%သည် တစ်နေ့လျှင် နှစ်ဒေါ်လာ ၀င်ငွေအောက် ၌သာ ရှိ၍ ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေ သည်ဟု ဆိုပါသည်။ ထို့ကြောင့် သဘာဝသယံဇာတများ ပေါ်ကြွယ်ဝသော်လည်း ပြည်သူ တွေဆင်းရဲနေလျှက် ရှိကြသည်ဟု ဆိုရပါမည်။ နိုင်ငံ တော်က ကြီးကြပ်၍ နိုင်ငံတော်အဆင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဆင်းရဲမှု လျော့ပါးရေးကို စတင်ကိုင်တွယ်လျှက် ရှိနေပေပြီ။