Thursday, February 7, 2013

NDF ပါတီခေါင်းဆောင်များနှင့် ဂျာမန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တွေ့ဆုံ

Photo: NDF ပါတီခေါင်းဆောင်များနှင့် ဂျာမန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တွေ့ဆုံ
  ဂျာမဏီနိုင်ငံအခြေစိုက် KONRAL ADENAUER STIFTUNG မှ အာရှတိုက်ဆိုင်ရာ ဒါရိုက်တာ Ms. Dr Beatrice Georawantschy နှင့် အဖွဲ့ဝင်သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၆၂-၂၀၁၃ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ မြန်မာ့နိုင်ငံအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့သည်။
 ထိုတွေ့ဆုံပွဲသို့ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ပြန်ကြားရေးမှူး ဦးတိုးတိုး နှင့် The Innovative  Academy မှ ဥက္ကဌ ဦးမျိုးဇော်အောင်တို့ တက်ရောက်ကြသည်။
 ဆွေးနွေးပွဲတွင် မြန်မာပြည် လက်ရှိအခြေအနေများ၊ မြန်မာ့နိုင်ငံရေးအနေအထားများ၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများအကြောင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်းများအနေအထားနှင့် ဖောင်ဒေးရှင်မှ အကူအညီ ပေးနိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment