Thursday, February 14, 2013

ညောင်လေးပင်မြို့နယ်အတွင်း (NDF)ပါတီရုံးခန်းများကို ပြည်ထောင်စုနေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့



ညောင်လေးပင်မြို့နယ်အတွင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ  မြို့နယ်ရုံးခန်းနှင့် ကျေးရွာရုံးခန်း(၂)ခု
အား ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နံနက်(၈း၀၀)နာရီ မှစတင်၍ နေ့လည် (၂း၀၀)နာရီအတွင်း ပါတီရုံးခန်း(၃)ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ရုံးခန်းကို တော်ပသီကျေးရွာနေ ဦးဝင်းကြည်၏ နေအိမ်၌ လည်းကောင်း၊ ကျေးရွာရုံးခန်း(၂)ခုအား မုက္ခမူကျေးရွာနေ စောမျိုးမင်းလှိုင်၏ နေအိမ်နှင့် ရေဖြူကန်ကျေးရွာနေ ဦးမင်းအောင်၏ နေအိမ်တို့တွင် အသီးသီးဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါရုံးခန်းဖွင့်ပွဲအခမ်းအနားများတွင် ဦးမြတ်မိုး(ပဲခူးတိုင်းစည်း-ဒုဥက္ကဌ)မှ


အဖွင့်အမှာစကားပြောကြားပြီး ဦးခင်ဇော်(ပဲခူးတိုင်း-တွဲဖက်အတွင်းရေးမှူး)မှ ပါတီး၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် NDF ပါတီပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးညိုလင်းမောင်မှ ပါတီအလံ၊ပါတီအမှတ်တံဆိပ့်နှင့်ပတ်သက်သောရည်ရွယ်ချက်သဘောတရားများ ကိုတက်ရောက်လာကြသောပါတီဝင်များအားလုံးသိရှိအောင်ရှင်လင်းပြောကြား၍ဦးဝင်းထွန်း(ပဲခူးတိုင်းစည်း-ဒုဥက္ကဌ)မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီဆိုင်းဘုတ်တင်ခြင်းနှင့်ရုံးခန်းဖွင့်ခြင်းအ


ခမ်းအနားများသို့ ပါတီဝင်အားအား (၁၀၀)ခန့်တက်ရောက်ခဲ့ကြပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ဧည့်သည်တော်များလည်း တက်ရောက်အားပေးခဲ့ကြတယ်လို့ သတင်းရရှိသည်။

                                                                                                         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
                                                                                                        ပဲခူးခရိုင်စည်ရုံးရေးကော်မတီ၊ ပဲခူးမြို့။

No comments:

Post a Comment