Saturday, November 10, 2012

မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘာသာရေး လွတ်လပ်ခွင့် အမြင်

မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့

ဘာသာရေး လွတ်လပ်ခွင့် အမြင်

"သည်မှာဆရာ ၊ ကျနော်တို့က လူကြိုက်အောင် လုပ်နေတာ မဟုတ်ဘူး ။ သည်လို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ် နေကြမယ် ဆိုရင်တော့ ကျနော် တို့ တိုင်းပြည်ဟာ မကြာခင် ပြိုကွဲ ပျက်စီးသွားမှာပဲ ၊ ကျနော်တို့ တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက အစ္စလာမ်ဘာသာဝင် မူဆလင်တွေရှိတယ်။ ဘုရင်ဂျီတွေ ရှိတယ်။ အစတုန်း က ရှိလာတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ အချို့ အင်္ဂလိပ် လက်အောက်မှာနေပြီး ခရစ်ယာန် တွေ ဖြစ်လာလို့ အရိုးစွဲလာ ကြတဲ့ လူတွေရှိတယ်။ သူတို့တတွေ အားလုံးဟာ နိုင်ငံသားတွေ ဖြစ်တယ် ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့တွေလည်းပါကြတယ်။ အခု ကျွန်တွင်းက လွတ်မယ် မကြံသေးဘူး ။ သူတို့တတွေ အပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစု ရဲ့ ဘာသာကို နိုင်ငံတော် ဘာသာ လုပ်ရမယ်လို့ လုပ်လိုက်ရင် ကျနော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ အကောင်တွေ ဖြစ်သွားမှာပေါ့ ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ ။ ဘာသာရေးတွေ ဘာတွေ လုပ်မနေစမ်းပါ နဲ့ ။ ကျနော်တို့ဟာ တိုင်းပြည် တစ်ပြည်လုံး စည်းလုံးကြဖို့လိုတယ် ။ အခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ၊ ဘာသာ အားလုံး ၊ ဘယ်တော့မှ မပြိုကွဲဘဲ၊ ခွဲထွက်သွားမဲ့ လူတွေ ပေါ်မလာဘဲ နိုင်ငံရေး စိတ်ဓတ် တခု ထဲရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ် "

ကျမ်းကိုး - မြန်မာ့နိုင်ငံရေး၊  တတိယတွဲ၊ စာ - ၇၈-၇၉

copy from facebook

No comments:

Post a Comment