Friday, November 16, 2012

နိုင်ငံရေးမီးငှက် NDF

သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ လမ်းသုံးခွဆုံမှာ ပန်းခြံနေရာ သုံးမြောင့်ပုံ မြေကွက်လပ်တစ်ခုက ရှိနေတယ်။ အဲ့ဒီ ရှေ့ကတိုက်ပေါ်မှာ အမျိုးသားဒီမိုကရေ
စီအင်အားစုပါတီ တတိယအကြိမ် နိုင်ငံ လုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်း အ
ဝေးကျင်းပခဲ့ပါတယ်။ ဒီ့နေရာက နိုင်ငံ ရေး၊ စည်းရုံးလှုပ်ရှားမှု အစဉ်အလာတွေ ရှိခဲ့တဲ့ အမှတ်(၅)၊ ဦးဂွယ်လမ်းကသုံးထပ် တိုက်အဆောက်အဦကြီးပါပဲ။ ဒုတိယ အကြိမ်ဗဟိုဦးစီးကော်မတီအစည်းအဝေးကိုလည်း မနှစ်က ဒီနေရာမှာပဲ ကျင်းပခဲ့ ပြီး အခုလည်း တတိယအကြီမ် ဗဟိုဦးစီး ကော်မတီ အစည်းအဝေးကို ကျင်းပနေ ပြန်ပါပြီ။။

နံနက် (၉း၀၀)နာရီကျော်ပေ မယ့် နေရောင်က ကွက်တိကွက်ကြား၊ တစ်ခါတလေ အုံ့ဆိုင်းလား၊ အုံ့ဆိုင်းနေ ရဲ့။ ဒါပေမယ့် နိုင်ငံအနှံကရောက်လာ ကြတဲ့ ပါတီကိုယ်စားလှယ်တွေက အ စည်းအဝေးပြုလုပ်ရာခန်းမထဲကို တဖွဲဖွဲ ၀င်နေကြတယ်။ ဖိတ်စာမရပေမယ့် ကြား တာနဲ့တက်လာကြတဲ့ ပဲခူးတိုင်းက ကိုယ် စားလှယ်တွေ အပါအ၀င် လမ်းပြကြယ် ဦးအေးမြင့်တို့အဖွဲ့က နေရာယူဖို့ ပြင်နေ တာ တွေ့ရပါတယ်။ ရုတ်တရက် နှုတ်ဆက်သံကြားလို့ လှည့်ကြည့်လိုက် တော့ သတင်းယူဖို့လာနေကြတဲ့ ဂျာ နယ်သမားတွေ၊ မကွေးတိုင်းနဲ့ မန္တလေး တိုင်းက NDFရဲဘော်တွေကိုတော့ အပေါ် ထပ်ဧည့်ခန်းဆောင်မှာ လှမ်း မြင်နေရ တယ်။ ဧရာဝတီသားတွေ အပါအ၀င်ပေါ့။ သူတို့မျက်နှာတွေမှာ တက်ကြွမှု၊ ဖွဲ့စည်းမှု တွေနဲ့၊ ဘာတွေများ ဆုံးဖြတ်ကြမလဲ သိ လိုမှုတွေကို အထင်းသားမြင်နေ ရတယ်။ ကျိုင်းတုံက ပုဂ္ဂိုလ်နဲ့ ကချင်ရဲဘော်တွေ ကလည်း ပြုံးလို့ရွှင်လို့။ စစ်ကိုင်းကိုယ်စား လှယ်နဲ့ မကွေးပုဂ္ဂိုလ်တွေကနောက်ကျနေ လို့ အမောတကော ရောက်လာကြတယ်။ သတိရလို့ကြည့်လိုက်တော့မှမွန်ပြည်နယ် ကိုယ်စားလှယ်ကြီးကထောင့်တစ်ထောင့်မှာ အခန့်သားထိုင်လို့ဗျ။ ဟုတ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နောက် NDF အပေါ်ဝေဖန်သံတွေက ဆူညံခဲ့ တော့ ဒီဗဟိုဦးစီးအစည်းအဝေးမှာ အကဲ ဖြတ်ချင်ဟန် တူပါရဲ့။
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီအလံတော်အောက်က ခမောက်တံ ဆိပ်နဲ့ အမတ်ဖြစ်ခဲ့သူတွေက နှုတ်ထွက် ကြတယ်။ထိပ်ပိုင်းတာဝန်ရှိသူအချို့ အပါ အ၀င်ပေါ့။ဒါကြောင့် NDF ဘယ်လိုခရီး ဆက်မလဲဆိုတဲ့ သိလိုမှုတွေ၊ အားဖြည့် မဟဲ့ဆိုပြီး မောင်းတင်လာတဲ့ မျက်နှာပေး တွေ၊ ပျံ့နှံ့နေတဲ့ မြင်ကွင်းကြီးပါ။ ပါတီဖွဲ့ စည်းပုံစည်းမျဉ်းမှာ ပါတီဝင်တစ်ယောက် ရဲ့နှုတ်ထွက်မှုကို ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့အဆုံးအဖြတ်ကသာ အတည် ဖြစ်တယ်ဆိုတာ ပါပြိးသား။ ဒါပေမယ့် နှုတ်ထွက်သူအများစုက ဘယ်နေ့ကစပြီး နှုတ်ထွက်ပြီလို့ စာပဲပို့ကြတယ်လေ။ တစ် ယောက်ကလွဲလို့ ဘာကြောင့်နှုတ် ထွက်ရ ပါတယ်လို့ လာရောက်ဆွေးနွေးခြင်း မရှိ ခဲ့ဘူး။
အမှန်က ပါတီစည်းကမ်းအရဆို ရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အဆုံးအဖြတ်က အတည်မို့လို့ စောင့်ဖို့ လိုပါသေးတယ်။ ဒါကိုသိတဲ့ ပါတီဝင် တွေက NDF ဆိုတာ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရတဲ့ နိုင်ငံရေး သာ လာယံဇရပ် မဟုတ်ဘူးဆိုပြီး ခံပြင်းကြ တာပေါ့ဗျာ။
ဒါနဲ့ပဲ သူတို့ဆန္ဒအရ ရှုံချတဲ့ အဆိုဟာ ဗဟိုဦးစီးကော်မတီအစည်းအ ဝေးမှာ အတည်ဖြစ်သွားခဲ့တယ်။ နိုင်ငံရေး သံဝေဂ ရစရာပဲပေါ့။ ဒါကြောင့် NDF တော့လှုပ်ခါသွားပြီ၊ ဆောက်တည်ရာမရ ဖြစ်တော့မှာပဲဆိုတဲ့ အဝေးကအမြင်နဲ့ သံ သယတွေ၊ ဟိုသံသယ…ဒီသံသယ.. စတာတွေကို အစည်းအဝေး ပထမနေ့ ဇွန် ၁၆ ရက်နေ့မှာပဲ ကျော်လွှားနိုင်ခဲ့တယ်။ တက်ရောက်လာသူ (၁၀၅)ဦးထဲက လေ့ လာသူတွေနဲ့ မီဒီယာသမားတွေကို နုတ် ရင် တိုင်းနဲ့ပြည်နယ်ပေါင်းစုံကလာတဲ့သူ ၈၀ ကျော်ရဲ့ အစည်းအဝေးကြီးက နိုင်ငံ ရေးသံသယတွေကို ချေဖျက်နိုင်ခဲ့ပါတယ်။
အဲ့ဒီတော့ NDFကို နိုင်ငံရေး ဖီးနစ်ငှက်လို့ ဆိုရမလားပဲ။ NDF ကို ပျက်စေလိုတဲ့ နိုင်ငံရေးဒေါသ၊ မောဟ တွေနဲ့ နှိပ်ကွက်မှုတွေကတစ်မျိုး၊ဖဲ့စည်းရုံး မှုတွေတစ်ဖုံ၊ ခုချိန်ထိ NDF ဆိုတာ ဘာကြောင့်ပေါ်လာရသလဲဆိုတဲ့ နိုင်ငံ ရေးအမြင်မှန်နဲ့ မကြည့်မှုတွေ ကို ချန်ရစ်ခဲ့ပြီး ပြာပုံထဲက "နိုင်ငံရေး မီးငှက် NDF" ဟာ အဖွဲ့ဝင်ထုရဲ့အားနဲ့ နိုင်ငံရေး ခရီးကိုပျံတက်နေပါပြီ။ ချီနေပါပြီ။ ရွေး
ကောက်ပွဲတွေအတွက် အချိုးကျကိုယ် စားပြုစနစ် ကျင့်သုံးရေးတွေ၊ ဒီမိုကရေစီ ပြုပြင်ရေး တွေကို ( Bird—Eye—View) ဝေဟင်ယံအမြင့်က စီးမြင်ရတဲ့ မြင်ကွင်း ကျယ်က နိုင်ငံနဲ့ပြည်သူတွေ အကျိုး အတွက် စောင့်ကြည့်လုပ်ဆောင်ဖို့ အင်သစ်အားသစ်တွေ ပြည့်နေပါပြီ။
NDFကို လေယာဉ်ပျံတစ်စင်းနဲ့ နိုင်းကြည့်ရင် ပထမအကြိမ်ဗဟိုဦးစီး အစည်းအဝေးကာလကို ပြေးလမ်းဆီ မောင်းနှင်ချိန်( Taxing) ၊ ဒုတိယအကြိမ် ဗဟိုဦးစီးအစည်းအဝေးကာလကို ပြေး လမ်းပေါ် အရှိန်ယူပြေးနေချိန်(Running) နဲ့ အခု တတိယအကြိမ်ဗဟိုဦးစီး အစည်း အဝေးကိုတော့ လေယာဉ်ပျံ ပျံတက်ချိန် ( Take off) လို့ နှိုင်းရပါလိမ့်မယ်။ အခု အခါမယ် နောက်က ခဲဆွဲထားမှုတွေ၊ လေ ယာဉ်ပေါ်မလိုက်ချင် လိုက်ချင်နဲ့ နိုင်ငံရေး ခြံစည်းရိုးပေါ် ခွထိုင်တဲ့ နိုင်ငံရေး လှေ ကြုံစီးတွေ မပါတော့တဲ့ အချိန်ကို ရောက် ခဲ့ပါပြီ။
ဒီနေရာမှာ စကားချပ်အနေနဲ့ ဆို ရရင် ပါတီကနှုတ်ထွက်သွားသူတွေဟာ ပါတီသန့်စင်ရေးကို သူတို့မသိစိတ်နဲ့ လုပ် ပေးလိုက်သလို ဖြစ်သွားလို့ ဒါကို ကျေးဇူး တင်ရပါလိမ့်မယ်။ ဘာကြောင့်လဲ ပါတီ ကို အားကောင်းမောင်းသန်ဖြစ်အောင် ဖော်ဆောင်သွားလိုတဲ့ လူငယ်တွေ အ တွက် နေရာဖယ်ပေးမှုတွေ ကြောင့် NDF ဟာ ဆရာမင်းသုဝဏ်ရဲ့ ကဗျာထဲကလို "သပြေညီု ရွှေဘိုပန်းရယ် လန်းလျှက်ပါ ကိုး" ဆိုတဲ့အတိုင်း နုပျိုဆဲ ၊လန်းဆန်းဆဲ NDF၊ ဒီမိုကရေစီ မျှော်လင့်ချက် ပြည်သူ့ အတွက် NDF အဖြစ်နဲ့ လေယာဉ် ( Airborne) ဖြစ်သလို NDFဟာ နိုင်ငံ ရေး မိုးကောင်းကင်မှာ ပြည်သူ့အတွက် လေဟုန်စီးလျှက်ရှိနေတဲ့ နိုင်ငံရေးမီးငှက် NDF ဖြစ်ကြောင်းပါဗျား။
NDF

No comments:

Post a Comment