Tuesday, November 6, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နိုင်ငံရေးကိုယ်ရည်ကိုယ်သွေးမြင့်သင်တန်း ဖွင့်ပွဲ


ပါတီဝင်ရဲဘော်များအား နိုင်ငံရေးကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြု လုပ်သော နိုင်ငံရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉း၃၀ နာရီက ပါတီဌာနချ
ုပ်ရှိရာ အနောက်မြင်းပြိုင်ကွင် လမ်းတွင် ပြုလုပ်သည်။


ထိုသင်တန်းဖွင့်ပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ နိုင်ငံရေးသင်တန်းသို့ တက်ရောက်လာသော ကချင်ပြည်နယ်မှ သင်တန်းသားများနှင့် ရန်ကုန်တိုင်းမှသင်တန်းသားများ တက်ရောက် ကြသည်။


သင်တန်းကို ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် ပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့က အမှာစကား အသီးသီးပြောကြားကာ ဖွင့်လှစ်ပေးခဲ့သည်။


မြန်မာ့နိုင်ငံရေးအခြေအနေနှင့် အချိုးကျကို်ယ်စားပြုရွေးကောက်ပွဲစနစ်အကြောင်းကို ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်ကလည်းကောင်း၊ နိုင်ငံရေးဘောဂဗေဒနှင့် မြန်မာနိုင်ငံလက်ရှိအနေအ ထားကို အတွင်းရေးမှူး(၂) ဦးနေမင်းကျော်ကလည်းကောင်း၊ မီဒီယာနှင့်ပြန်ကြားရေးအကြောင်းကို ပါတီဒုတိယ ဥက္ကဌ ဦးစိန်လှဦးကလည်းကောင်း ယနေ့ ပိုချခဲ့သည်။


သင်တန်းအချိန်မှာ နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ဖြစ်သည်။


မနက်ဖြန်(သောကြာနေ့တွင်) ပါတီဥက္ကဌ ဦးခင်မောင်ဆွေက နိုင်ငံတော်တည်ဆောက်ရေးနှင့်ပြည်ထောင်စု ၊ ဥပဒေရေးရာမိတ်ဆက်အဖြစ် ဦးကြီးမြင့်(ဥပဒေအထောက်အကူပြုအဖွဲ့ခေါင်းဆောင်)၊ အထွေထွေအတွင်းရေး မှူး ဒေါက်တာဝင်းနိုင်က ပါတီလုပ်ငန်းများဆောင်ရွက်ပုံ( နိုင်ငံရေး၊ စည်းရုံးရေးနှင့် ဖွဲ့စည်းရေး) အကြောင်းများ ကို ပို့ချမည်ဖြစ်သည်။


ယခုပို့ချသောသင်တန်းသည် ၁-၁၁-၂၀၁၂ မှ ၂-၁၁-၂၀၁၂ ရက်နေ့အထိ နှစ်ရက်တည်းသာ ဖြစ်သည်။ နောင်တွင် ယခုထက် အချိန်ပိုမိုပေးပြီး သိရှိနားလည်သင့်သောအချက်များကို ပိုမိုပို့ချနိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။




ပြန်ကြားရေးဌာန


အမျိုးသားဒီမိုကရေစီအင်အားစု

No comments:

Post a Comment