Friday, November 16, 2012

အမျိုးသားဒီမိုကရေစီအင်အားစု ( NATIONAL DEMOCRATIC FORCE ) ရည်ရွယ်ချက်

(က) ပြည်ထောင်စုမြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်မည့် တရားဥပဒေစိုးမိုးသည့် စစ်မှန်သောဒီမိုကရေစီ စံနစ်သို့ပြောင်းလဲရောက်ရှိနိုင်ရန်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်။

(ခ) တိုင်းရင်းသားလူမျိုးများအားလုံး အဆင့်အတန်းနှင့် အခွင့်အလမ်းပါ တန်းတူညီမျှမှုကို အခြေခံသည့် ဒီမိုကရေစီပြည်ထေ
ာင်စုသစ် တည်ထောင်ရေးကို တညီတညွတ်တည်း ကြိုးပမ်းဆောင်ရွက်သွားရန်။

(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော အထွေထွေပြဿနာများကို မြန်မာတိုင်းရင်းသားများအချင်းချင်း ကိုယ်တိုင်ဖြေရှင်းလျက်အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ် ရရှိအောင် ဆောင်ရွက်သွားရန်။

(ဃ) မြန်မာ့စီးပွါးရေးနှင့် လူမှုဘ၀မြှင့်တင်နိုင်ရေး အတွက် မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် ခေတ်မီစီးပွါးရေးမှုဝါဒများကို ချမှတ်ကျင့်သုံးသွားရန်။

(င) ကမ္ဘာ့ငြိမ်းချမ်ရေးထိန်းသိမ်းရေးနှင့် နိုင်ငံအချင်းချင်း နားလည်မှု ရရှိရေး အတွက် လွတ်လပ်၍ နိုးကြား တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲကျင့်သုံးသွားရန်။

မူဝါဒ

(က) နိုင်ငံရေးဆိုင်ရာမူဝါဒ။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ သည်”လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒ” (Social Liberalism ) ကို လက်ခံကျင့်သုံးရမည်။ ယင်းဝါဒ၏အခြေခံမှာ ပုဂ္ဂလိကတစ်ဦးချင်း လွတ်လပ်ခွင့်ရရှိရန်နှင့် တစ်ဦးချင်းအကြား၌လည်း အခွင့်အရေးညီမျှမှုရှိစေရန်ဖြစ်သည်။ ယင်းသို့လွတ်လပ်မှုရှိနေစေကာမှုဆင်းရဲမွဲတေမှု၊အလုပ်လက်မဲ့ဖြစ်မှု၊ပညာမတတ်မှု၊ မကျန်းမာမှုစသည့် လူမှုရေးနာကျင်မှုများရှိနေပါက လွတ်လပ်မှု သည် အဓိပ္ပါယ်ပြည့်ဝတော့မည်မဟုတ်ပေ။သို့ဖြစ်ရာ ယင်းလိုအပ်ချက်များ ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအစိုးရသည် တစ်ဖက်တစ်လမ်းမှ ၀င်ရောက်ကူညီ ထိန်းညှိပေးရန် လိုအပ် သည်ဟု ယုံကြည်သည်။

(ခ) လူမှုစီးပွါးရေးဆိုင်ရာမူဝါဒ။

အထက်ပါနိုင်ငံရေးသဘောတရားကို အခြေပြု၍ ပါတီအနေနှင့် လက်ခံကျင့်သုံး သွားမည့် လူမှုစီးပွါးရေးဆိုင်ရာ မူဝါဒများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) နိုင်ငံ၏စီးပွါးရေးရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများ သက်သာချောင်ချိမှုကိုဖြစ်စေမည့် ဈေးကွက်အခြေပြု ရောပြွမ်းစီးပွါးရေးစံနစ် (Market-oriented Mixed Economy) ကို ပီပြင်စွာ အကောင်အထည်ဖေါ်ရေး။

(၂) နိုင်ငံသားတိုင်း မိမိတို့၏ကာယဥာဏနှင့်ဝိရိယအပေါ် မူတည်ပြီး လုပ်ကိုင်နိုင်ရန်၊ ညီမျှသည့် အခွင့်အလမ်းများ ရရှိနိုင်မည့် စီးပွါးရေးနယ်ပယ် ထူထောင်ရေး။

(၃) သက်ကြီးရွယ်အိုများ၊ ပင်စင်စားများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ မိဘမဲ့များ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများ စသည်တို့အတွက် လူမှုစောင့်ရှောက်ရေးအစီအမံများ ဖန်တီး တည်ဆောက်ရေး။

(၄) ကျေးလက်နှင့်မြို့ပြနေ ဆင်းရဲနွမ်းပါးသူပြည်သူများ၏ လူမှုစီးပွါးအဆင့်အတန်း တိုးတက်လာစေရန်၊ လယ်ယာမြေပိုင်ဆိုင်ခွင့်၊ သီးနှံများလွတ်လပ်စွာ စိုက်ပျိုးရောင်းချခွင့်များ ရရှိရေး၊ အရင်းအနှီး လုံလောက်စွာရရှိရန်နှင့် အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး။

(၅) ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး စသော အများနှင့်သက်ဆိုင်သည့် ကဏ္ဍများ၌လက်လှမ်းမိ ၀န်ဆောင်မှုပေးအပ်နိုင်ရန် ဆောင်ရွက်ရေး။

(၆) နိုင်ငံ၏ သဘာဝသယံဇာတများ လေလွင့်ပြုန်းတီးမှုမဖြစ်စေဘဲ စီးပွါးရေးနှင့် လူသားရင်းမြစ်ဖွံ့ဖြိုးရေး တွင် အကျိုးရှိစွာ အသုံးပြုသွားရေး။

(၇) နိုင်ငံသားများ၏ စုဆောင်းမှု၊ ရင်းနှီးမြှတ်နှံမှု၊ စွန့်ဦးတီထွင်မှုများ မြင့်မားလာစေမည့် စီးပွါးရေးဆိုင်ရာ မူဝါဒ သဘောတရားများကို ခေတ်မီနေရန်အတွက် စဉ်ဆက်မပြတ် လေ့လာဖန်တီးသွားရေး။

No comments:

Post a Comment