Tuesday, December 25, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကျောက်တံခါးမြို့နယ်ရုံးဖွင့်ပွဲကျင်းပပြုလုပ်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရုံးဖွင့်ပွဲကို၂၃-၁၂-၂၀၁၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ ဌာနရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းမကြီး ဘေးရှိ ဦးဝင်းနိုင်၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုရုံးဖွင့်ပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒု-ဥက္ကဌ ဦးစိန်လှဥိး၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဗဟိုအလုပ်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်နှင့် ဗဟိုအလုပ်ကော်မတီဝင်များ၊ ပဲခူးတိုင်းဒေသကြီးစည်းရုံးရေးကော်မတီ ဥက္ကဌ ဦးကြည်ဟန်၊ အတွင်းရေးမှူး ဦးမြင့်သိန်နှင့် ပဲခူးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ကျောက်တံခါးမြို့နယ်စည်းရုံး ရေးကော်မတီဥက္ကဌ ဦးမောင်ကောင်းနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၀၀ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဦးမောင်ကောင်းက ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် NDF ပါတီပေါ်ပေါက်လာရပုံအကြောင်းရင်း၊ ၂၀၁၀ ရွေးကောက်ပွဲဖြတ်သန်းလာပုံ၊ ပါတီ၏ဆောင်ရွက်မှုများ၊ လွှတ်တော်အတွင်းဆောင်ရွက်နေမှုများ၊ NDF လွှတ်တော်ကိုယ် စားလှယ်များ၏တင်ပြမှုကြောင့် ရရှိလာသော ပြည်သူလူထု၏ခံစားခွင့်များအကြောင်း၊ လွှတ်တော်တွင်းလွတ်တော်ပ ဆောင်ရွက်နေမှုများကို အကျယ်တ၀င့်ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော်တွင်းဆောင်ရွက်မှုများ အကြောင်းနှင့် လွှတ်တော်ပြင်ပတွင်ဆောင်ရွက်နေမှုများ၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်တွင်ပါဝင်ဆောင်ရွက်နေမှုများ အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင်က တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် ပါတီက ဆောင်ရွက်နေမှုများနှင့် လွှတ်တော်အတွင်းတင်ပြဆောင်ရွက်မှုများ၊ မိမိ၏လွှတ်တော်တွင်း၊ လွှတ်တော်ပ တောင်သူလယ် သမားများအတွက် လုပ်ဆောင်နေမှုများ၊ တောင်သူလယ်သမားများအနေဖြင့် မိမိတို့ရပိုင်ခွင့်များကို ကာကွယ်ရန်အတွက် လုပ်ဆောင်သင့်သည့်အချက်များကို အကြံပြုပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဥက္ကဌ ဦးကြည်ဟန်က ခေတ်အဆက်ဆက် လယ်သမားများရင်ဆိုင်ခံစားနေရသည့် အခြေ အနေများ၊နှင့် ထိုအခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် ပါတီနှင့်ပူးပေါင်းဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းပြော ကြားသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသက်ထွန်းမောင်က ပြည်သူများအနေဖြင့် သူတပါး၏လှည့်စားမှုမခံရ အောင် နိုင်ငံရေးကို နားလည်ဖို့လိုအပ်ကြောင်း၊ မိမိတို့၏အခွင့်အရေးများကိုနားလည်ပြီး တောင်းဆိုတတ်ဖို့ လိုအပ် ကြောင်း၊လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကမဲပေးရွေးချယ်ထားသူများဖြစ်သဖြင့် ပြည်သူများအနေဖြင့် မိမိတို့ အခက်အခဲများကို ဖြေရှင်ပေးရန်အတွက် အကူအညီတင်ပြတောင်းခံနိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။
ထိုနောက် ပါတီဝင်လယ်သမားများက မိမိတို့ရင်ဆိုင်နေရသော အခက်အခဲများကို တင်ပြကြရာ ပါတီခေါင်း ဆောင်များက မည်ကဲ့သို့ဆောင်ရွက်သင့်ကြောင်းကို ရှင်းလင်းနွေးဆွေးပါသည်။ ထိုကိစ္စများကို သက်ဆိုင်ရာပုဂ္ဂိုလ်များ နှင့် လွှတ်တော်အသီးသီးတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထိုနောက် ညနေ ၂း၀၀ နာရီတွင် ကျောက်တံခါးမြို့နယ်ရုံးဖွင့်ပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

No comments:

Post a Comment