Tuesday, December 25, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးပြုလုပ်

Ndf activity dec 20,2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပုံမှန်အစည်းအဝေးကို ၁၉-၁၂-၂၀၁၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီက ဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၁၂)ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဥက္ကဌ ဦးခင်မောင်ဆွေက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ပါတီ၏ ၂၀၁၃ ခုနှစ် ၆ လပတ် စည်းရုံးဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းသတ်မှတ်ချက်ကို အတည်ပြုခြင်း၊ မြို့နယ်ရုံးများကို ကချင်ပြည်နယ်၊မိုးညှင်း၊ တနိုင်း၊ ဗန်းမော်နှင့် ၀ိုင်းမော်မြို့များတွင်တိုးချဲ့စည်းရုံး ဖွင့်လှစ်နိုင်ရေး ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်၊ မိုင်းဆတ် နှင် တာချီလိတ်မြို့နယ်များတွင် တိုးချဲ့စည်းရုံးဖွဲ့စည်းရေး၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်နှင့် တောင်ငူမြို့နယ်များ တွင် ဖွင့်လှစ်ရေး၊ ပါတီစည်းရုံးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ပါတီရန်ပုံငွေတိုးတက်ရရှိနိုင်ရေးများအပြင် ပါတီတွင်း အင်္ဂလိပ်စာသင်တန်းများနှင့် နိုင်ငံရေးကိုယ်ရေကိုယ်သွေးမြှင့်တင်ရေးသင်တန်းများ ပို့ချနိုင်ရေး၊ လာမည့် ဆဌမ အကြိမ်လွှတ်တော်အသီးသီးတွင် တင်ပြမည့် မေးခွန်း၊ အဆိုနှင့် ဥပဒေကြမ်းများကိစ္စများကို ဆွေးနွေး အတည်ပြုခဲ့ပါသည်။
ထိုနောက် အစည်းအဝေးကို ညနေ ၃း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment