Thursday, November 22, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမူသတင်းများ ( နိုဝင်္ဘာလ၂၂-ရက်၊၂၀၁၂)

ဘန်ကောက်အခြေစိုက် ကနေဒါနိုင်ငံသံရုံးမှ ပထမအတွင်းဝန် မစ္စ-ဂျူလာနာဂရင်းနှင့် Ms.laura Radulovic တို့သည် (၂၂-၁၁-၂၀၁၂ )ရက်နေ့ နေ့လည် (၂း၀၀) နာရီတွင်   အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာန ချု့ပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။ 
 ထိုတွေ့ဆုံပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ပြန်ကြားရေးဌာနမှ ဦးတိုးတိုး တို့ တက်ရောက်ခဲ့သည်။
 ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် မြန်မာနိုင်ငံ၏အပြောင်းအလဲများအခြေအနေ၊ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်ဖြစ်ပေါ်လာနိုင်မည့် ခန့်မှန်းချက်များ၊ မြန်မာအစိုးရ ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးမှုအနေအထား၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အမျိုးသား ပြန်လည်စည်းရုံးရေးလုပ်ဆောင်နေမှုများ၊ ရခိုင်နှင့်ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောအခြေအနေများ၊ ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ မြန်မာနိုင်ငံရေးပါတီများ၏ အနေအထားများကို မေးမြန်းရာ ပါတီခေါင်းဆောင် များက ရှင်းလင်းပြောကြားကြသည်။
 ထိုသို့ ရှင်းလင်းပြောကြားမှုကြောင့် မြန်မာပြည်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ကနေဒါနိုင်ငံအနေဖြင့် ရှင်းရှင်းလင်းလင်းသိရသဖြင့် အထူးကျေနပ်မိကြောင်းဖြင့် ပထမအတွင်းဝန် မစ္စ ဂျူလာနာဂရင်းက ပြောကြားခဲ့သည်။ 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ကနေဒါနိုင်ငံက အမေရိကန်နှင့်ဗြိတိသျှတို့က လူငယ်နှင့် နိုင်ငံရေးးပါတီများအတွက် အမေရိကန်စင်တာနှင့် ဗြိတိသျှကလပ်တို့တွင် ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းမျိုးများ ဖွင့်လှစ်သင်ကြားပေးရန်အတွက် အကူအညီတောင်းခံခဲ့ကြောင်း သိရှိရသည်။

NDF

No comments:

Post a Comment