Tuesday, December 25, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကျောက်တံခါးမြို့နယ်ရုံးဖွင့်ပွဲကျင်းပပြုလုပ်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရုံးဖွင့်ပွဲကို၂၃-၁၂-၂၀၁၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ ဌာနရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းမကြီး ဘေးရှိ ဦးဝင်းနိုင်၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးပြုလုပ်

Ndf activity dec 20,2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပုံမှန်အစည်းအဝေးကို ၁၉-၁၂-၂၀၁၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီက ဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၁၂)ဦး တက်ရောက်ခဲ့သည်။

Tuesday, December 18, 2012

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဝင်များတွေ့ ဆုံဆွေးနွေးခြင်း



ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အမျိုးသားဒီမိုကရေးစီအင်အားစုပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဝင်များတွေ့ ဆုံပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်တွင် စတင်ကျင်းပပြီး နေ့လည်(၁၂)နာခန့်တွင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးတိုင်းဒေသကြီး တိုင်းစည်းရုံးရေးကော်မတီ ဒုဥက္ကဌ ဦးမြတ်မိုးမှ အဖွင့်အမှားစကားပြောကြားပြီး ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္က္ထဌ ဦးညိုလင်းမောင်မှ ပါတီ၏ လုပ်ဆောင်ချက်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် ရည်ရွယ်ချက်များကို ပြောကြားပါသည်။ တက်ရောက် လာကြသော ပါတီဝင်များမှလည်း ၄င်းတို့သိရှိလိုသည့်အချက်များကို ပါတီခေါင်ဆောင်များနှင့် အပြန် အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြုလုပ်

Photo: ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြုလုပ်

 ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန်ရှင်းရေးလုပ်အားပေးပွဲကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၁၀၇ ရပ်ကွက် အလယ်တန်းကျောင်းတွင် ၁၆-၁၂-၂၀၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။ 
 ထိုစုပေါင်းသန့်ရှင်းရေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ဥက္ကဌ ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်(မြန်မာ)ပါတီ မြို့နယ်အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပါတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ(၁၀၇)ရပ်ကွက်မှ ဦးစိုးမြင့်နှင့် ပါတီဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ၁၀၇ ရပ်ကွက်အလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေနှင့် ဆရာဆရာမများ၊ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဆယ်အိမ်မှူး များ တက်ရောက်ပြီး အလယ်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးကို စုပေါင်းလုပ်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
 အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းရှိ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးနှင့် ဆေးရုံများ ကို စုပေါင်းလုပ်အားပေးပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန်ရှင်းရေးလုပ်အားပေးပွဲကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၁၀၇ ရပ်ကွက် အလယ်တန်းကျောင်းတွင်၁၆-၁၂-၂၀၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထိုစုပေါင်းသန့်ရှင်းရေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ဥက္ကဌ ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်(မြန်မာ)ပါတီ မြို့နယ်အတွင်းရေးမှူး ဦးအောင်ချိုနှင့်

Tuesday, December 11, 2012

ဒဂုံမြို့သစ်တောင်ပိုင်းတွင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များနှင့်ပါတီပေါင်းစုံ ကျောင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်

Photo: ဒဂုံမြို့သစ်တောင်ပိုင်းတွင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များနှင့်ပါတီပေါင်းစုံ 
ကျောင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်
၉-၁၂-၂၀၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ  ဦးကျော်မင်းဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍  စုစုပေါင်းအင်အား ၅၀ခန့်ဖြင့် အမှတ် (၁၀၇)ရပ်ကွက်ရှိအမှတ် ၂၂ အမက ကျောင်းတွင်းသန့်ရှင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။ 
  NDF မြို့နယ်ဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူးဦးသက်လွင်နှင့် ပါတီဝင် ၁၀ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပါတီပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံ စုပေါင်း၍ မြို့နယ်အတွင်းရှိ  စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်းများကို သန့်ရှင်းရေးပြုလုပ်ကြရန် အစီအစဉ်ရှိနေကြောင်း သတင်းရရှိပါသည်။
  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြို့နယ်ရုံးကို မကြာမီ ၁၀၇ ရပ်ကွက် ၊ မြ၀တီလမ်းရှိ ဦးသန်းနိုင်ဦး အိမ်တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်းကိုလည်း သတင်းရရှိပါသည်။

၉-၁၂-၂၀၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးကျော်မင
်းဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ စုစုပေါင်းအင်အား ၅၀ခန့်ဖြင့် အမှတ် (၁၀၇)ရပ်ကွက်ရှိအမှတ် ၂၂ အမက ကျောင်းတွင်းသန့်ရှင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။

HOT NEWS WEEKLY ဂျာနယ် က NDF ဦးစိုးဝင်းကို တောင်းပန်ပြီ

Photo: HOT NEWS WEEKLY ဂျာနယ် က NDF ဦးစိုးဝင်းကို တောင်းပန်ပြီ။
၆-၁၂-၂၀၁၂ ရက်နေ့ထုတ် HOT NEWS WEEKLY ဂျာနယ် အတွဲ-၃၊ အမှတ်စဉ် ၁၁၉ စာမျက်နှာ ၂၆ တွင် ဘုန်းစစ်ရေးသားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပြီ  သတင်းတိုတွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၏ဇနီး၏ ပြည်သူများအပေါ် ပြောဆိုဆက်ဆံမူ အဆင်မပြေသောကြောင့် ပြဿနာတက်နေသည်ဟု သတင်း မှားယွင် ဖော်ပြခဲ့မှုကြောင့်  HOT NEWS WEEKLY ဂျာနယ် အယ်ဒီတာအဖွဲ့မှ မောင်ယသနှင့် ပရုပ်အယ်ဒီတာ တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချု့ပ်ရုံးသို့  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ စမ်းချောင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းအား  လာရောက်၍ တောင်းပန်ခဲ့ကြောင်း သတင်းရရှိပါသည်။။
 လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းနှင့်အတူ  ပါတီဒု-ဥက္ကဌ ဦးစိန်လှဦးနှင့် ဥပဒေအထောက်အကူပြုကော်မတီ ၀င် ရှေ့နေဦးကြီးမြင့်တို့လည်း တက်ရောက်ပြီး လိုအပ်ချက်များကို ထောက်ပြခဲ့သည်။
 HOT NEWS WEEKLY ဂျာနယ် အနေဖြင့် ဦးစိုးဝင်းနှင့်ဇနီးဖြစ်သူတို့အား သတင်းမှားယွင်းဖော်ပြခြင်းအတွက် အနှုးအညွတ်တောင်းပန်ကြောင်းနှင့် လာမည့်အပတ်စဉ်ထုတ်ဂျာနယ်တွင်လည်း မှားယွင်းဖော်ပြခဲ့မိကြောင်းကို ထည့်သွင်းပေးမည်ဖြစ်ကြောင်း ၀န်ခံကတိပြုသွားခဲ့သည်။ 
 ဤသို့ HOT NEWS WEEKLY ဂျာနယ်မှ မှားယွင်းဖော်ပြခဲ့မူကို ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းမှ နိုင်ငံရေးပါတီများနှင့် သတင်းဂျာနယ်များသည် အပြန်အလှန် လေးစားမူနှင့် ကူညီမူရှိရန် လိုအပ်ကြောင်း၊ သတင်းခိုင်မာ တိကျမူလိုအပ်ပါက သက်ဆိုင်ရာပုဂ္ဂိုလ်များထံ ဆက်သွယ်၍ အတည်ပြုဖို့လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၆-၁၂-၂၀၁၂ ရက်နေ့ထုတ် HOT NEWS WEEKLY ဂျာနယ် အတွဲ-၃၊ အမှတ်စဉ် ၁၁၉ စာမျက်နှာ ၂၆ တွင် ဘုန်းစစ်ရေးသားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပြီ သတင်းတိုတွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်က
ိုယ်စား လှယ်၏ဇနီး၏ ပြည်သူများအပေါ် ပြောဆိုဆက်ဆံမူ အဆင်မပြေသောကြောင့် ပြဿနာတက်နေသည်ဟု သတင်း မှားယွင် ဖော်ပြခဲ့မှုကြောင့် HOT NEWS WEEKLY ဂျာနယ် အယ်ဒီတာအဖွဲ့မှ မောင်ယသနှင့် ပရုပ်အယ်ဒီတာ တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချု့ပ်ရုံးသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ စမ်းချောင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းအား လာရောက်၍ တောင်းပန်ခဲ့ကြောင်း သတင်းရရှိပါသည်။။

Saturday, December 8, 2012

ရန်ကုန်ဗြိတိန်သံရုံးမှ သံရုံးအရာရှိများ ပါတီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ

Photo: ရန်ကုန်ဗြိတိန်သံရုံးမှ သံရုံးအရာရှိများ ပါတီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ
  ၂၈-၁၁-၂၀၁၂ ရက်နေ့က ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ ဌာနချု့ပ်သို့ ရန်ကုန်မြိုဗြိတိသျှသံရုံးမှ သံရုံးဒုတိယအတွင်းဝန် မစ္စတာဂျိုးဖစ်ရှာနှင့် လူ့အခွင့် အရေးဆိုင်ရာ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် Mr.Bob Last တို့လာရောက်၍ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ ကြသည်။ 
 ဗြိတိသျှသံအရာရှိများအား  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ၊ ပြန်ကြား ရေးဌာနမှူး ဦးတိုးတိုး၊ ပါတီလူ့အခွင့်အရေးလုပ်ငန်းကော်မတီတာဝန်ခံ ဦးကြီးမြင့်တို့က လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးကြသည်။ နိုင်ငံတကာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်နေမှုများ၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် မြန်မာနိုင်ငံနိုင်ငံသားဥပဒေနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများများနှင့် နိုင်ငံသား အခွင့်အရေးများ၊ NDF မှ ပြည်သူ့လွှတ်တော်တွင်တင်သွင်းထားသော မြန်မာနိုင်ငံသားအခွင့်အရေးကာကွယ် ရေးဥပဒေများအကြောင်းကို  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၈-၁၁-၂၀၁၂ ရက်နေ့က ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ ဌာနချု့ပ်သို့ ရန်ကုန်မြိုဗြိတိသျှသံရုံးမှ သံရုံးဒုတိယအတွင်းဝန် မစ္စတာဂျိုးဖစ်ရှာနှင့် လူ့အခွင့် အရေးဆိုင်ရာ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် Mr.Bob Last တို့လာရောက်၍ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ ကြသည်။

Saturday, December 1, 2012

ပြည်သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အရာမှန်သမျှကို ဥပဒေအရ ရဲရဲဝန့်ဝန့် ရင်ဆိုင်ဖယ်ရှားသွားမည်ဖြစ်ကြောင်း

ပြည်သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အရာမှန်သမျှကို ဥပဒေအရ ရဲရဲဝန့်ဝန့် ရင်ဆိုင်ဖယ်ရှားသွားမည်ဖြစ်ကြောင်း  အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးမှူး ဦးညိုလင်းမောင်မှ ပဲခူးမြို့နယ် (NDF)ပါတီ ရုံးခန်းဖွင့်လှစ်ပွဲတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဥပဒေရေးရာကိစ္စရပ်များ လာရောက် အကူအညီတောင်းခံနိုင်ပါကြောင်း


ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရုံးခန်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ (၃၀) ရက်နေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့နေရသော အခက်အခဲများကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးဖော်ပြချက်



ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရုံးခန်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ (၃၀) ရက်နေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့နေရသော အခက်အခဲများကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။