Saturday, December 1, 2012

ပြည်သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အရာမှန်သမျှကို ဥပဒေအရ ရဲရဲဝန့်ဝန့် ရင်ဆိုင်ဖယ်ရှားသွားမည်ဖြစ်ကြောင်း

ပြည်သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အရာမှန်သမျှကို ဥပဒေအရ ရဲရဲဝန့်ဝန့် ရင်ဆိုင်ဖယ်ရှားသွားမည်ဖြစ်ကြောင်း  အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးမှူး ဦးညိုလင်းမောင်မှ ပဲခူးမြို့နယ် (NDF)ပါတီ ရုံးခန်းဖွင့်လှစ်ပွဲတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။


အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး (NDF)ပါတီအနေဖြင့် ရုံးခန်းမဖွင့်မီ  ပြည်သူလူထုမှ လာရောက် အကူညီတောင်ခံခဲ့သော ဥပဒေရေးရာကိစ္စရပ်များကို အောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊
လွှတ်တော်တွင် ဖြေရှင်းရမည့် ကိစ္စရပ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်နေကြောင်းနှင့် ပါတီ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပြောကြားသွားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment