Tuesday, December 18, 2012

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဝင်များတွေ့ ဆုံဆွေးနွေးခြင်း



ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အမျိုးသားဒီမိုကရေးစီအင်အားစုပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဝင်များတွေ့ ဆုံပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်တွင် စတင်ကျင်းပပြီး နေ့လည်(၁၂)နာခန့်တွင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးတိုင်းဒေသကြီး တိုင်းစည်းရုံးရေးကော်မတီ ဒုဥက္ကဌ ဦးမြတ်မိုးမှ အဖွင့်အမှားစကားပြောကြားပြီး ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္က္ထဌ ဦးညိုလင်းမောင်မှ ပါတီ၏ လုပ်ဆောင်ချက်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် ရည်ရွယ်ချက်များကို ပြောကြားပါသည်။ တက်ရောက် လာကြသော ပါတီဝင်များမှလည်း ၄င်းတို့သိရှိလိုသည့်အချက်များကို ပါတီခေါင်ဆောင်များနှင့် အပြန် အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးတိုင်းဒေသကြီးတိုင်းစည်းရုံးရေးကော် မတီးဝင်း များ၊ ပဲခူးခရိုင်စည်ရုံးရေးကော်မတီဝင်များနှင့် က၀မြို့နယ် အတွင်ရှိ ပါတီဝင်(၅၀) ခန့် တက် ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး(NDF)ပါတီ

No comments:

Post a Comment