Saturday, December 1, 2012

ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးဖော်ပြချက်



ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရုံးခန်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ (၃၀) ရက်နေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့နေရသော အခက်အခဲများကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

အခက်အခဲဆိုသည်မှာ လယ်ယာမြေ မတရားသိမ်းဆည်းခံရမှု၊ အဓမ္မခိုင်းစေမှု၊ ကလေးစစ်သားအဖြစ် သွတ် သွင်းခံရမှု၊ ဌာနဆိုင်ရာများ၏ အဂတိလိုက်စားမှု၊ ဥပဒေမဲ့ မတရားသဖြင့် အနိုင်ကျင့်ခံရမှုများကို အခမဲ့ကူညီ ဆောင်ရွက်မှာဖြစ်ပါတယ်။ အခြား မှုခင်းကိစ္စရပ်များအနေဖြင့် ဥပဒေအရ မည်သို့လုပ်ဆောင်ရမည်ကို မသိရှိနားမလည်ပါက ပဲခူးတိုင်းဒေသကြီး (NDF)ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့ ဥပဒေပညာရှင်များထံ တွင် အကြံဥာဏ်များ လာရောက်တောင်းခံနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်လိပ့်စာ ဥက္ကဌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အမှတ်(၁၆၀၆)၊(၇)လမ်း၊ အလင်းရောင်(၁) ရပ်ကွက်၊ ပဲခူးမြို့သို့ လိပ့်မူပြီး အကူအညီတောင်းခံလွှာများကို ပေးပို့နိုင်ပါသည်။ လူကိုယ်တိုင်လည်း လာရောက်၍ အထက်ဖော်ပြပါအကြောင်းအရာကိစ္စရပ်များကို လာရောက် အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေး နိုးဆော်လိုက်ပါသည်။

ရုံးဖုန်း     - ၀၉ ၄၂၈၁၂၃၂၆၂
အီးမေးလ်- ndfmyanmarbago@gmail.com
ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ

No comments:

Post a Comment