Tuesday, December 11, 2012

ဒဂုံမြို့သစ်တောင်ပိုင်းတွင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များနှင့်ပါတီပေါင်းစုံ ကျောင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်

Photo: ဒဂုံမြို့သစ်တောင်ပိုင်းတွင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များနှင့်ပါတီပေါင်းစုံ 
ကျောင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်
၉-၁၂-၂၀၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ  ဦးကျော်မင်းဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍  စုစုပေါင်းအင်အား ၅၀ခန့်ဖြင့် အမှတ် (၁၀၇)ရပ်ကွက်ရှိအမှတ် ၂၂ အမက ကျောင်းတွင်းသန့်ရှင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။ 
  NDF မြို့နယ်ဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူးဦးသက်လွင်နှင့် ပါတီဝင် ၁၀ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပါတီပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံ စုပေါင်း၍ မြို့နယ်အတွင်းရှိ  စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်းများကို သန့်ရှင်းရေးပြုလုပ်ကြရန် အစီအစဉ်ရှိနေကြောင်း သတင်းရရှိပါသည်။
  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြို့နယ်ရုံးကို မကြာမီ ၁၀၇ ရပ်ကွက် ၊ မြ၀တီလမ်းရှိ ဦးသန်းနိုင်ဦး အိမ်တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်းကိုလည်း သတင်းရရှိပါသည်။

၉-၁၂-၂၀၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးကျော်မင
်းဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ စုစုပေါင်းအင်အား ၅၀ခန့်ဖြင့် အမှတ် (၁၀၇)ရပ်ကွက်ရှိအမှတ် ၂၂ အမက ကျောင်းတွင်းသန့်ရှင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။
NDF မြို့နယ်ဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူးဦးသက်လွင်နှင့် ပါတီဝင် ၁၀ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပါတီပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံ စုပေါင်း၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်းများကို သန့်ရှင်းရေးပြုလုပ်ကြရန် အစီအစဉ်ရှိနေကြောင်း သတင်းရရှိပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြို့နယ်ရုံးကို မကြာမီ ၁၀၇ ရပ်ကွက် ၊ မြ၀တီလမ်းရှိ ဦးသန်းနိုင်ဦး အိမ်တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်းကိုလည်း သတင်းရရှိပါသည်။

No comments:

Post a Comment