Tuesday, December 18, 2012

ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြုလုပ်

Photo: ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြုလုပ်

 ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန်ရှင်းရေးလုပ်အားပေးပွဲကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၁၀၇ ရပ်ကွက် အလယ်တန်းကျောင်းတွင် ၁၆-၁၂-၂၀၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။ 
 ထိုစုပေါင်းသန့်ရှင်းရေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ဥက္ကဌ ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်(မြန်မာ)ပါတီ မြို့နယ်အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပါတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ(၁၀၇)ရပ်ကွက်မှ ဦးစိုးမြင့်နှင့် ပါတီဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ၁၀၇ ရပ်ကွက်အလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေနှင့် ဆရာဆရာမများ၊ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဆယ်အိမ်မှူး များ တက်ရောက်ပြီး အလယ်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးကို စုပေါင်းလုပ်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
 အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းရှိ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးနှင့် ဆေးရုံများ ကို စုပေါင်းလုပ်အားပေးပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဒုတိယအကြိမ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းသန်ရှင်းရေးလုပ်အားပေးပွဲကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၁၀၇ ရပ်ကွက် အလယ်တန်းကျောင်းတွင်၁၆-၁၂-၂၀၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထိုစုပေါင်းသန့်ရှင်းရေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ဥက္ကဌ ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်(မြန်မာ)ပါတီ မြို့နယ်အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပါတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ(၁၀၇)ရပ်ကွက်မှ ဦးစိုးမြင့်နှင့် ပါတီဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ၁၀၇ ရပ်ကွက်အလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေနှင့် ဆရာဆရာမများ၊ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဆယ်အိမ်မှူး များ တက်ရောက်ပြီး အလယ်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးကို စုပေါင်းလုပ်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းရှိ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးနှင့် ဆေးရုံများ ကို စုပေါင်းလုပ်အားပေးပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment