Saturday, February 9, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြိှု့နယ်ရုံးသစ်ဖွင့်လှစ်

Photo: NDF ACTIVITY FEB9-2013
အမျိုးသားဒီမိုကရေစီအင်အားစုပါတီလှုပ်ရှားမှုသတင်းများ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြိှု့နယ်ရုံးသစ်ဖွင့်လှစ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြိှု့နယ်ရုံးသစ်ဖွင့်လှစ်ပွဲကို ၉-၂-၂၀၁၃ ရက်နေ့ နံနက် ၁၀း ၀၀ နာရီက မြို့နယ်ရုံးခန်းသစ်တည်ရှိရာ အမှတ် ၁၃၄၅၊ မြ၀တီမင်းကြီးလမ်း၊ အမှတ် ၁၀၇ ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ရုံးခန်းသစ်ဖွင့်လှစ်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒု-ဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူးနှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးစိန်ဝင်း၊ ဦးတိုးတိုး တို့နှင့် ရန်ကုန်တိုင်းဒေ သကြီး စည်းရုံးရေး ကော်မတီဝင်များ၊ မြို့နယ်များမှ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဒဂုံမြို့သစ်တောင်ပိုင်းမှ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ၊ ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဌ ဦးကျော်မင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တိုင်းစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) ဦးမင်းမင်းထွန်းက ဆောင်ရွက်သည်။ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီးနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပါတီ၏လုပ်ဆောင်ချက်များ၊ ပါတီဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနှင့် ပါတီလုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံ ရေးအခြေအနေများ နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်
က ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပါတီဖွဲ့စည်းပုံအကြောင်း၊ ပါတီဖြစ်ပေါ်လာရခြင်း အကြောင်း၊ ပါတီစည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းများ၊ မြို့နယ်စည်းရုံးရေးကော်မတီအနေဖြင့် လုပ်ဆောင်ရမည့် အနေအထားများကို အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်းစည်းရုံရေးကော်မတီ အတွင်းရေးမှူး ဦးထက်အောင်ကျော်က ရန်ကုန်တိုင်းအနေဖြင့် ဆောင်ရွက်လျှက်ရှိသော ဆောင်ရွက်ချက်များ။ လူမှုရေးဆောင်ရွက်ချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်းရေးမှူး ဦးကျော်လွင်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို နေ့လည် ၁၁း၃၀ တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အခန်းအနားပြီးဆုံးပြီးနောက် တက်ရောက်လာကြသော ပါတီဝင်များအား နံနက်စာထမင်းနှင့် ဧည့်ခံကျွေးမွေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် မနက်ဖြန် ၁၀-၂-၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် ၊ အမှတ်(င)ရပ်ကွက်တွင် ရပ်ကွက်ရုံးသစ်ဖွင့်လှစ်မည် ဖြစ်ပါသည်

No comments:

Post a Comment