Saturday, January 26, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း

Photo: အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း
 အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရှိ ရန်ကုန်တိုင်းရုံးတွင် ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းသည့် အစည်းအဝေးကို ၂၁-၁-၂၀၁၃ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထို အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးသက်ထွန်းမောင်နှင့်ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။
 ထိုအစည်းအဝေးမှ ဥက္ကဌ ဦးသက်ထွန်းမောင်ဦးဆောင်သော တိုင်းစည်းရုံးရေးကော်မတီ ၂၁ ဦးနှင့် တိုင်း အရံကော်မတီဝင် ၆ ဦးကို ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။  ပြင်ဆင်ဖွဲ့စည်းထားသော ရန်ကုန်တိုင်းဒေသ ကြီးစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းအတွင်း ပါတီစည်းရုံးရေးလှုပ်ရှားမှုများကို  ပိုမိုလုပ်ကိုင်သွားမည် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရှိ ရန်ကုန်တိုင်းရုံးတွင် ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းသည့် အစည်းအဝေးကို ၂၁-၁-၂၀၁၃ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထို အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ ဦးသက်ထွန်းမောင်နှင့်ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။
ထိုအစည်းအဝေးမှ ဥက္ကဌ ဦးသက်ထွန်းမောင်ဦးဆောင်သော တိုင်းစည်းရုံးရေးကော်မတီ ၂၁ ဦးနှင့် တိုင်း အရံကော်မတီဝင် ၆ ဦးကို ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။ ပြင်ဆင်ဖွဲ့စည်းထားသော ရန်ကုန်တိုင်းဒေသ ကြီးစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းအတွင်း ပါတီစည်းရုံးရေးလှုပ်ရှားမှုများကို ပိုမိုလုပ်ကိုင်သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment